168

331 54 0
                                    

Chapter 168: သေလွန်ဝိညာဉ်တပ်

ဇူအန် အံ့သြသွားသည်။ သူ့စကားများက တဖက်သားကို ဤမျှ တုန်လှုပ်ချောက်ချားသွားစေလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ ရလာသည့် အခွင့်အရေးကို အသုံးချပြီး မေးလိုက်သည်။ “မင်းအပြစ်က ဘာလဲ”

ကျန်းဟန်၏ မျက်နှာသည် အနက်ရောင်မြူခိုးများကြား၌ တသိမ့်သိမ့်တုန်နေပြီး သူ့ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာကြသည်။ “ကျွန်တော်မျိုး ခဏလောက် ဆက်တောင့်ခံနိုင်ခဲ့ပေမယ့် ရှင်ဘုရင်ရဲ့ အတော်ဆုံးစစ်တပ်ကလည်း သူ့ညွှန်ကြားမှုအောက်မှာ ရှင်းလင်းသုတ်သင်ခံရတာပဲ။ ဘုရင်မင်းမြတ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တဲ့သူက ကျွန်တော်မျိုးပါ။ ရလဒ်အနေနဲ့ အရှေ့တိုင်းပြည် ၆ ခု ရဲ့ အကြွင်းအကျန်တွေက ဖျက်ဆီးခံလိုက်ရတယ်”

ဖြစ်ပျက်ခဲ့သော သမိုင်းသည် ဇူအန် သိထားသည့် အကြောင်းအရာနှင့် လုံးဝကွာခြားမှု မရှိပါ။ ကျန်းဟန် စိတ်တိုဒေါသထွက်သွားအောင် လုပ်မိမှာ ကြောက်သဖြင့် ဆက်လက်မအစ်အောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူ နက်နက်ရှိုင်းရှိုင်း သက်မချလိုက်ပြီး ကြေကွဲဝမ်းနည်းစွာ ပြောလိုက်သည်။ “အဲ့ဒါက ဘဝပဲလေ။ ကောင်းကင်ဘုံရဲ့ အလိုတော်ဆန္ဒအောက်မှာ ငါတို့လူသားတွေ လုပ်နိုင်တာ သိပ်မရှိဘူး”

ကျန်းဟန် တုံ့ခနဲ တုန်သွားသည်။ သူ မှတ်မိသည့် ရှင်ဘုရင်သည် စိတ်ပြတ်သားပြီး စည်းကမ်းတင်းကျပ်သူ ဖြစ်သည်။ ထို့ကြောင့် တဖက်သား၏ သိမ်မွေ့သော အပြုအမှုက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

ဇူအန်သည် ရေကန်ဘက်သို့ ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။ “မင်းကို ဒီလောက်ကြောက်သွားစေရလောက်အောင် အဲ့နေရာမှာ ဘာကိုပိတ်သိမ်းထားတာလဲ”

သူ အလွန်ကြောက်နေသည့် အရာသည် ထိုအရာ ဖြစ်သည်။ သူ့ကိုယ်သူ ဤမေးခွန်းနှင့် လမ်းဖွင့်ပေးလိုက်သည့်အတွက် သိပ်မစိုးရိမ်လှပါ။ ကျန်းဟန်သည် ချင် မင်းဆက် ဒုတိယမျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ချင်ရှီအတွက် သူ့အကြောင်းများကို မသိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Opowieści tętniące życiem. Odkryj je teraz