135

381 55 0
                                    

135: မြေအောက်ဂူဖွင့်ပွဲ

နောက်၃ရက်အတွင်း ဇူအန်မှာ အကယ်ဒမီ၏ အထောက်အပံ့ဖြင့် မက်မွန်ပွင့်ဂိုဏ်းစီးပွားရေးလုပ်ငန်းများကို လက်လွှဲယူ၍ အလုပ်ရှုပ်နေသည်။

ရှီခွန်း ထိုအရာများကို သိသော်လည်း ဘာမှ မလုပ်ပေ။
အဲ့ဒီကောင်က အာဆယ်ဂူထဲရောက်တာနဲ့ သေပြီးသားပဲ။ သူ့ကို တကူးတကရှင်းဖို့ မလိုပါဘူး။

ထိုစဉ် အကယ်ဒမီတွင်လည်း မြေအောက်ဂူဝင်ရောက်ရန် နေရာအတွက် ပြိုင်ပွဲများ ကျင်းပနေပြီ။ အဆင့် ၅ ကျင့်ကြံသူများအားလုံး နေရာရပြီးဖြစ်၍ ကျန်သူများကတော့ နေရာတစ်ခုရရန် အပြင်းအထန် ယှဉ်ပြိုင်ကြရသည်။

မြေအောက်ဂူများက အန္တရာယ်ဖြင့် ပြည့်နေ၍ ကိုယ့်ကိုကိုယ်မကာကွယ်နိုင်သော အားပျော့သောသူတိုင်း သေခြင်းတရားနှင့် ကြုံတွေ့ရပေလိမ့်မည်။

နောက်ဆုံးတွင် မြေအောက်ဂူကို ဝင်နိုင်သော သူများအနက် အားအနည်းဆုံးက အဆင့် ၃ ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကသည် လက်တွေ့ဆန်လှသည်။

ကျန်းလော့ဖူ ပြောထားသလိုပင် အခွင့်အရေးများသည် ထိုက်တန်ကြောင်းပြနိုင်သူများအတွက်သာ ဖြစ်လေသည်။ပြိုင်ပွဲရလဒ်က ဂူအတွင်းဝင်နိုင်သူအားလုံး ပညာရှင်များဟု သက်သေပြပြီး ဂူအတွင်းမှရသော အခွင့်အရေးများက အားနည်းသူများနှင့် ပို၍ ကွာခြားစေလိမ့်မည်။ ထိုကြောင့် အားနည်းသူက အင်အားကြီးသူကို လိုက်မီလိမ့်မည်မဟုတ်ကြောင်း ပြနေသည်။

ကြည့်ရတာ ဘယ်လောကဖြစ်ဖြစ် အတူတူပဲ ဟမ့်..သူများနောက်တစ်လှမ်းနောက်ကျရင် တစ်သက်လုံးနောက်ကျကျန်နေခဲ့ရလိမ့်မယ်။
အဆက်အသွယ်ကောင်းကောင်းရှိခြင်းကို ဇူအန် ဝမ်းသာသွားသည်။ သူက ပြိုင်ပွဲဝင်စရာမလိုဘဲ နေရာတစ်ခု အလိုလို ရလိုက်ခြင်းပင်။ ဟီးဟီး…။

တတိယနေ့ မနက်ခင်းတွင် ရွေးချယ်ခံရသူအားလုံးနှင့် လပြည့်အကယ်ဒမီ၏ ဆရာများ ပုံမှန်အချိန်တွင် တားမြစ်ထားသော ကျောက်နောက်ဘက်တောင်ခြေတွင် စုဝေးကြရသည်။

တော်ဝင်လွှတ်တော်က မြေအောက်ဂူများကို ထိန်းချုပ်နိုင်ရခြင်း၏ အဓိကအချက်တစ်ခုမှာ အကယ်ဒမီတိုင်းသည် မြေအောက်ဂူအနီးတွင် တည်ရှိနေသောကြောင့် ဖြစ်သည်။ တစ်ချို့အကယ်ဒမီများတွင် မြေအောက်ဂူများက ကျောင်းဝန်းအတွင်းပင် တည်ရှိကြသေးသည်။ လပြည့်အကယ်ဒမီသည်လည်း ထို့အတိုင်းပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora