81

349 60 0
                                    

Chapter 81. ပွဲကြည့်ဖို့ ထကြတော့

ဝေဆောင် အံ့သြသွားသည်။
ငါက ဘယ်လိုလုပ် စကားဆက်ပြောရတော့မှလဲ။
သူက တစ်ခြားစိတ်ဝင်စားစရာတစ်ခု ရှာပြောလိုက်သည်။
"ပြောရင်းနဲ့ ကျောင်းအုပ် ဒီနေ့ အသားကပ်ဘောင်းဘီ ဘာရောင်ဝတ်လဲ"

ဇူအန် ကျန်းလော့ဖူ၏ ရှည်လျား ဖြောင့်တန်းသော ခြေထောက်ကို ပြန်မြင်ယောင်လိုက်ပြီး လွှတ်ခနဲ ပြန်ဖြေလိုက်မိသည်။
"အသားရောင်"

ဝေဆောင် တံတွေးမြိုချလိုက်ပြီး
"ငါ့နတ်ဘုရားမ ပီသလိုက်တာ။ မင်းကို အရမ်းအားကျလာပြီ။ မင်းက ရောက်လာတာမကြာသေးဘူး။ သူ့ကိုနှစ်ကြိမ်တောင် တွေ့ဖူးပြီးပြီ။ ငါကတော့ ခုချိန်ထိ တစ်ကြိမ်တောင် တွေ့ခွင့်မရသေးဘူး"

ဇူအန် ရယ်လိုက်မိသည်။
"သူ့ကို တစ်ခါမှမတွေ့ဖူးတာတောင် အဲ့လောက် စွဲလမ်းနေတယ်လား"

"မင်းနားမလည်ပါဘူး။ အကွာအဝေးက နှလုံးသားချင်း ပိုနီးစေတယ်တဲ့။ လမ်းပေါ်မှ သူ့ကို လျပ်တပြတ်မြင်လိုက်တည်းက သူ့အလှမှာ မြောသွားတာ။ ငါ့နှလုံးသားရော ခန္ဓာကိုယ်ပါ သူပိုင်တယ်" ဝေဆောင် အချစ်ရူးနေသည်။

ဇူအန် ရွံရှာစွာ ခေါင်းယမ်းလိုက်သည်။
ဘာ..နှလုံးသားနဲ့ခန္ဓာလဲ ။ ပြောပုံက ဟိုကသူ့ကို စိတ်ဝင်စားမှာကျလို့..။

"မေးရဦးမယ်။ တစ်ချိန်လုံး ဟိတ်ကြီးဟန်ကြီးနဲ့ အဲ့ဆရာက ဘယ်သူလဲ" ဇူအန် အခွင့်အရေးရတုန်း သတင်းနှိုက်လိုက်သည်။

စပ်စုသူပီသစွာ ဝေဆောင်တွင် အဖြေတန်းရှိလေသည်။
"သူ့နာမည်က ရန်ဝေ့ လပြည့်မြို့ မြို့ပြဦးစီးမှူး။ သူက စိုက်ပျိုးရေးခွန်ကောက်ဖို့ တာဝန်ရှိပြီး ငါတို့ရဲ့ အတွက်အချက် တရာ"

"အိုး..အတွက်အချက်ဆရာလား" ဇူအန် ရေရွတ်လိုက်သည်။

"ဇူအန် မတ်တပ်ရပ်ပြီး အခန်းနောက်ကို သွားနေ" ရန်ဝေ့ စင်မြင့်ပေါ်မှ ထအော်လိုက်သည်။

သူ့အသံက နောက်တစ်ခါ အိပ်ပျော်ခါနီးနေသော ကျောင်းသားများကို နောက်တသ်ခေါက်လန့်နိုးစေလိုက်သည်။ တစ်ချို့ဆို ကြောက်လန့်၍ သေးထွက်ကျမတတ်ပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora