93

351 53 0
                                    

Chapter 93.ပြိုင်ပွဲက ရှေ့တိုးလိုက်ပြီ

ဇူအန် ကြောင်သွားသည်။
သူက လူလား ခွေးလား။ ဘယ်လိုလုပ် အနံ့ကနေ လူကို ခွဲခြား နိုင်ရတာလဲ။

မယုံနိုင်စွာ လက်မြှောက်၍ နမ်းကြည့်သည်။ ရနံ့သင်းသင်းတစ်ခုသာ ရလေသည်။
မိန်းမတွေက ရနံ့သုံးတာ အတူတူပဲမဟုတ်ဘူးလား ငါတော့ ဘာမှမကွာဘူး ထင်တာပဲ။

ချူဟွမ်ကျောက် သူ့နားရွက်ကို လှမ်းဆွဲ၍
"ပြောစမ်း ရှင်နဲ့ကျန်းတန် ဘာလုပ်ခဲ့တာလဲ။ ကျွန်မကို... ပြောချင်တာက ကျွန်မအစ်မကို စိတ်ပျက်စေမယ့်အရာတစ်ခုခုလုပ်ခဲ့သေးလား"

"လွှတ်..လက်လွှတ်စမ်း" ဇူအန် နာလွန်း၍ မျက်ရည်ကျလုနီးပါးပင်။ သူ့ခယ်မကို နည်းနည်းငြင်သာပြီး ငြိမ်းချမ်းရေးရပြီထင်နေတာ ။ အခုထိ ဒိုင်နိုဆော ဖြစ်နေတုန်းပဲ။
"ငါ ဘာမှမလုပ်ဘူး အနံ့က မနက်တုန်းက သူရထားလုံးကနေ ငါ့ရင်ခွင်ထဲရောက်တုန်း ကျန်ခဲ့တာနေမယ်"

သူတို့နှစ်ဦး၏ ပြောဆိုမှုကို ဘေးကကျောင်းသားများသတိထားမိသွားပြီး အချင်းချင်း အတင်းပြောနေကြသည်။
"ဇူအန် ဆရာဖြစ်သွားတော့ အိမ်တော်မှာ နေရာနည်းနည်းမြင့်လာမယ် ထင်တာ ။ အခုတော့ ကြည့်ရတာ အနိမ့်ဆုံးဖြစ်နေတုန်းပဲနဲ့ တူတယ်"

"ဟုတ်ပ ကြည့်လိုက် သူ ချူအိမ်ဒုတိယသခင်မလေးရဲ့ နောက်မှာ ငြိမ်ဝပ်နေတာများ ပြန်တောင်မပြောရဲဘူး"

"အေးလေ အဲ့တာက အိမ်ပါသားမက်တစ်ယောက်ရဲ့ဘဝပဲ။ မင်းတို့သိတဲ့အတိုင်း ကပ်စားရတဲ့အလုပ်က ခက်ခဲတာပဲ"

"အဲ့လောက် ဆိုးတဲ့ပုံ မပေါ်ပါဘူး။ ဒီလောက်လှတဲ့ ခယ်မလေးရဲ့ ကိုင်တာခံရတာ အတော်သာယာဖို့ ကောင်းမှာပဲ"

"ရှူး ငါနဲ့ဝေးဝေးနေ မင်းရဲ့ထူးဆန်းတဲ့ရောဂါတွေ ငါ့လာကူးနေမှဖြင့်.."

ကျောင်းသားများ၏ စကားသံများ ဇူအန်နားထဲ ရောက်လာသောအခါ သူ့ကြေမွသွားသော ဂုဏ်သတင်းကြောင့် ဇူအန် ထိုင်ငိုမိမမတတ်ပင်။

"သေချာလား" ချူဟွမ်ကျောက် တွေဝေစွာဖြင့် နားမှလက်ကို ဖြုတ်ချလိုက်သော်လည်း ထပ်နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သေးသည်။သူ့မျက်လုံးမှ သံသယက မရှင်းသွားသေးပေ။
"အဲ့လောက်ကြာကြာခံတဲ့ ရနံ့ရှိလို့လား"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now