71

382 53 0
                                    

Chapter 71.အကြိုစမ်းမျက်လုံး

ဇူအန် မျက်တောင်ခတ်လိုက်သည်။
"ဖြစ်နိုင်တာက ကျုပ်ကံကောင်းလို့ဖြစ်ရမယ်"

ဒါက အလိမ်အညာမဟုတ်ပေ။ သူလောင်းကစားနိုင်ရခြင်းက ကံကောင်း၍ပင်။ ကံကောင်းရခြင်း၏ နောက်ကွယ်က အကြောင်းကိုသာ လျှို့ဝှက်ထားခြင်းပင်။

"ကံကောင်းတာလား" လောင်မိုင် အဖြေကို မကျေနပ်ဟန် မျက်မှောင်ကြုံ့လိုက်သည်။

"တစ်ခြားဘာဖြစ်နိုင်ဦးမှာလဲ။ လောင်းကစားဝိုင်းက ဝါရင့်သမာရင့်တွေရှေ့မှာ ကျုပ်လိမ်နိုင်တာမှ မဟုတ်ဘဲ"ဇူအန် ပြန်ဖြေသည်။

လောင်မိုင် အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။ ဇူအန်ရဲ့ အရည်အချင်းကို သူသေချာသိ၍ ဤကိစ္စကို ထားလိုက်တော့သည်။ သူက တံခါးကနေပြန်ထွက်ရင်း ပြောလိုက်သည်။
"နောက်ရက်တွေမှာ မလိုအပ်ရင် အပြင်မထွက်နဲ့။ မင်းမှာမက်မွန်ပွင့်ဂိုဏ်းက ၇ မီလီယံခွဲ တန်တဲ့ စာချုပ်ရှိနေတာ။ သူတို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဇူအန် ရင်ထဲနွေးထွေးသွားရပြီး သူ ဒီလူအိုကြီးကို အထင်လွဲနေမိသလားဟု တွေးလိုက်မိသည်။
ကြည့်ရတာ သူကငါ့ကို ဂရုစိုက်သေးပုံပဲ။ ငါချမ်းသာလာတာ သိတာတောင် ငါ့ဥစ္စာကို မမက်မောဘူး။

လောင်မိုင်အတွက် သူ့ဥစ္စာကို မက်မောရန်မလိုအပ်ဘူးဆိုတာ ဇူအန် နည်းနည်းလေးမှ မတွေးမိချေ။ လောင်မိုင်သာ ဇူအန်ခန္ဓာကိုယ်ကို ဝိညာဉ်ဝင်ပူးလိုက်ပါက ပိုက်ဆံအားလုံး သူ့အပိုင်ဖြစ်သွားပေလိမ့်မည်။

လောင်မိုင်ထွက်သွားသည်နှင့် ဇူအန် တံခါးအမြန်ပိတ်လိုက်သည်။ သူက ဘယ်သူမှမရှိတော့ကြောင်း သေချာအောင် နှစ်ခေါက်ထပ်စစ်ဆေးပြီးမှ သူ့ဆေးကြောခြင်းထုံးစံကို စတင်လေသည်။ ထို့နောက် ထီကံစမ်းရန် အသင့်ဖြစ်လေပြီ။

သူက ကီးဘုတ်ကိုဆင့်ခေါ်၍ ထီဖန်ရှင်ကို ဝင်လိုက်သည်။ Enter ခလုတ်ကို နှိပ်ရန်ကြံခါနီးတွင် ကီးဘုတ်၏ အနည်းငယ်ထူးခြားချက်ကို သတိပြုမိလိုက်သည်။အနီးကပ်ကြည့်လိုက်မှ အချက်ပေးစာတစ်ခုကို တွေ့လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now