188

345 52 0
                                    

Chapter 188: သွေးယဇ်ပူဇော်ခြင်း

ဇူအန် အလျှင်အမြန် လှည့်ကြည့်လိုက်ကာ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။ ယခင်က မိန်လိသည် သူမ၏ တော်ဝင် နန်းဝတ်နန်းစားများ ဖြင့် ဆွဲဆောင်မှုရှိကာ ကျက်သရေရှိနေခဲ့ပြီး ယခုအခါ ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဝတ်စားလိုက်သောအခါတွင် ရဲစွမ်းသတ္တိရှိသော ပုံစံဖြစ်စေသည်။ သူမသည် ယောက်ျားလေးတစ်ယောက်ကဲ့သို့ ရည်ရည်မွန်မွန်ရှိနေသော်လည်း မိန်းကလေးတစ်ယောက်ကဲ့သို့ ညင်သာနေသည်။

“အို…ခင်ဗျားက ကျုပ်ထက် ပိုခန့်ညားနေတာပဲ။ ဒါပေမယ့် ကြွက်သားတောင့်တင်းမှုတွေတော့ လိုနေသေးတယ်။ ချုံ့ပြောရရင်တော့ ခင်ဗျားက ကျုပ်အောက် နည်းနည်းလေးရောက်နေတုန်းပဲ။ အနည်းဆုံးတော့ ကျုပ်နဲ့ လမ်းလျှောက်ရင် ကောင်မလေးတွေ က ခင်ဗျားရှိနေသေးတယ်ဆိုတာကို အနည်းဆုံးတော့ သတိထားမိကြမှာပဲ” ဇူအန် ပြောလိုက်သည်။

သူ၏ ပါးစပ်သရမ်းမှုကို မိန်လိ အသားတကျဖြစ်လာနေပြီဖြစ်သည်။ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ခုနကဖြစ်ခဲ့တာက....”

သူမ စကားမဆုံးခင်တွင် ဇူအန် ကြားဖြတ်ပြောလိုက်သည်။ “ဟမ်။ တစ်ခုခု ဖြစ်ခဲ့လို့လား။ ဘာတစ်ခုမှ မကြားမိ မမြင်မိပါဘူး”

ဇူအန် မသိမမြင်ချင်ယောင် ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းကို မြင်ရသောအခါ နှုတ်ခမ်း ကွေးလိုက်မိသည်။ ဟမ့် ကြည့်ရတာ သူ့မှာ ဉာဏ်တော့ရှိသားပဲ။
သို့သော်လည်း သူမ၏ အပြုံးကို ဖိနှိပ်လိုက်ကာ သူမ၏ ပုံမှန်မျက်နှာအနေအထား ပြန်ပြောင်းထားလိုက်သည်။

“အဲ ဟုတ်သားပဲ။ အစ်မတော်မိဖုရားကြီး ချူယန်ကို ကယ်ဖို့ ကျုပ်နောက်ကို အခုလိုက်ခဲ့ပေးမှရမယ်။ သူတို့တွေ အချိန်ကြာကြာ မစောင့်နိုင်မှာ စိုးရိမ်ရတယ်” ဇူအန် သတိပေးလိုက်သည်။

“ငါ့ကို ဘယ်လို ခေါ်လိုက်တယ်” မိန်လိ ၏ မျက်ခုံး ထောင်တက်သွားသည်။

“အစ်မတော်လို့လေ” ဇူအန် ပြောလိုက်သည်။ “ကျုပ် ပြောချင်တာက ခင်ဗျား က အခုတော့ ကျုပ်ထက် နဲနဲအသက်ကြီးနေတဲ့ လူငယ်ပုံပေါက်နေတယ်လေ။ ဒါကြောင့် ညီမလေးလို့ ခေါ်လို့မရဘူး။ ဒါမှမဟုတ် အန်တီ ၊ အဖွား လို့ တစ်ခုခု ခေါ်စေချင်တာလား”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora