84

358 55 0
                                    

Chapter 84. မေးခွန်းတစ်ခုမှ မမှန်ဘူး

ရန်ဝေ့မျက်နှာထားကိုကြည့်၍ ဇူအန်ရယ်လိုက်သည်။ သူ့ကြည့်ရတာ အကြောများ ပေါက်ထွက်မတတ်ပင်။
"ဒီကိစ္စကို ဖြေရှင်းဖို့ အရမ်းလွယ်တဲ့ နည်းလမ်းရှိတယ်။ ကျုပ် မေးခွန်း၂၀ပေးမယ် ခင်ဗျားဘာသာ မှန်းပြီးဖြေဖြေ ခိုးပဲချချ မှန်ရင်ရပြီ။ ထားလိုက်ပါတော့ လျှော့စျေးပေးလိုက်မယ်..တစ်ဝက်မှန်ရင် ကျုပ်အထုတ်သိမ်းပြီး အကယ်ဒမီက ချက်ချင်းထွက်သွားမယ်။ ခင်ဗျားမမှန်ရင်တော့ အရင်လောင်းကြေးကို ဖြည့်စည်းရုံပဲ။ ဘယ်လိုလဲ"

မည်သို့ဆိုစေ ရန်ဝေ့က တော်ဝင်လွှတ်တော်၏ အရာရှိဖြစ်ပြီး အကယ်ဒမီက ဆရာတစ်ယောက်ပင်။ ဇူအန်ရော အကယ်ဒမီပါ သူ့ကို နှင်ထုတ်ရန် အရေးမသာပေ။ ဒါပေမဲ့ ရန်ဝေ့က ဇူအန်ပေးသော မေးခွန်းကို တစ်ခုမှ မဖြေနိုင်လျှင်ရော? သူမည်မျှ မျက်နှာပြောင်ပါစေ အကယ်ဒမီတွင် ဆက်နေရဲမည်မဟုတ်ပေ။

ရုတ်တရက် အကြံဉာဏ်ကြောင့် ရန်ဝေ့ ကြောင်သွားသည်။  ဇူအန် မေးခွန်း ၂၀ လုံးဖြေနိုင်သောကြောင့် ယုံကြည်ချက် လျော့နည်းနေပြီ။

ရှန်းလျှို့ယီ အခွင့်အရေးယူ၍ ဝင်ပြောလိုက်သည်။
"ဆရာရန် ရှင့်ကျောင်းသားကို ပြန်ကြောက်နေတာတော့မဟုတ်ဘူးမလား"

"ဒါပေါ့ မဟုတ်ပါဘူး" ရန်ဝေ့ ချက်ချင်း ခါးမတ်လိုက်ပြီး
"မင်းလုပ်ကြည့်လေ။ မင်းကို အရှုံးပေးအောင် ငါ မေးခွန်း ၂၀၀ ဆိုလည်း ဖြေနိုင်တယ်"

ဒါက ဆိုးရွားသော အကြံမဟုတ်ပေ။ သူက မေးခွန်း ၂၀ လုံး ဖြေဖို့ ယုံကြည်ချက်မရှိလျှင်ပင် မေးခွန်း ၁၀ ခုကို တော့ သူတတ်နိုင်သေးသည်။ သူက လပြည့်မြို့၏ မြို့ပြအုပ်ချုပ်ရေးမှူးရုံးတွင် အခွန်ကိစ္စများ ဆယ်စုနှစ်တစ်ခုကျော်အောင် အလုပ်လုပ်ခဲ့သော ပြီး နာမည်ကြီး သင်္ချာပညာရှင်တစ်ယောက်ပင်။ မတောက်တခေါက်လူငယ်တစ်ယောက်၏ မေးခွန်းက သူ့ကို လှည့်ဖျားနိုင်မည် မဟုတ်ချေ။ သူသာ ဖြေနိုင်ခဲ့လျှင် ဇူအန်ကို အကယ်ဒမီမှ ကန်ထုတ်နိုင်လိမ့်ဦးမည်။

ရန်ဝေ့မျက်နှာကို ကြည့်ခြင်းဖြင့် ဘာတွေးနေလဲ သိနိုင်၍ ဇူအန် ပြုံးလိုက်မိသည်။
မင်းကို ခေတ်သစ်သင်္ချာရဲ့ ကြောက်စရာကောင်းမှုကို ပြကြသေးတာပေါ့။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora