92

350 56 0
                                    

Chapter 92. သူမ၏ ရနံ့

"ငါတောင်းပန်ပါတယ် တမင်လုပ်တာ မဟုတ်ပါဘူး" ဇူအန် ထိပ်လန့်ချင်ယောင်ဆောင်၍ အပြေးသွားထူလိုက်သည်။ သူဘာလိုချင်နေလဲ သိဖို့ နောက်က လိုက်ပြီး သရုပ်ဆောင်လိုက်သည်။
မင်းက ရှိုးလုပ်ချင်မှတော့ ငါ့ဘက်က လိုက်မလုပ်ပေးရင် ဘယ်ကောင်းမလဲ ဟုတ်တယ်မလား။

ကျန်းတန် နှုတ်ခမ်းကိုက်ပြီး ငြူစူလေသည်။
"ဆရာဇူ ရှင်က တကယ်ရက်စက်တာပဲ ကျွန်မစကပ်ကို ဖြဲပစ်လိုက်တယ်"

သူမရဲ့ ချွဲသံက သေစေနိုင်လောက်သည်။ လိမ်နေမှန်းသိတာတောင် ဇူအန် နှလုံးခုန်မြန်လာရသေးသည်။ နောက်ဆုံးတော့ အနောက်အရပ်သို့ ခရီး ထဲက အင်အားအကြီးဆုံးက စွန်းဝူခုန်းမဟုတ်ဘဲ ဆရာတော်ဖြစ်ကြောင်း နားလည်လိုက်ပြီ။ သူ့ကို မြှူဆွယ်သော မိန်းမလှများစွာအလယ်တွင် မလှုပ်မယှက်နေနိုင်တာ ချီးကျူးလောက်ပေသည်။

"အမှားအတွက် တောင်းပန်ပါတယ်။လာ ငါ ဆွဲထူပေးမယ်" ဇူအန် လက်လှမ်း၍ ဆွဲထူလိုက်သည်။

"အိုး.." ကျန်းတန် နာကျင်၍ အော်လိုက်သည်။ မျက်လုံးတွင် မျက်ရည်ဝဲလာ၍ သနားစဖွယ်ပင်
"ကျွန်မ ခြေထောက်ခေါက်သွားပြီ ထင်တယ်"

ဇူအန် အထင်ကြီးသွားသည်။
သူ မင်းသမီးမလုပ်တာ နှမြောစရာပဲ ငါတို့ကမ္ဘာမှာဆို အော်စကာ ရနေလောက်ပြီ။ ချော်လဲတာကို ဟန်ဆောင်တာကထားပါတော့ ခြေခေါက်တာအထိပါ...

"ဆရာဇူ တစ်ချက်ကြည့်ပေးလို့ ရမလား"ကျန်းတန် ဇူအန်ကို မျက်ရည်လည်စွာ ကြည့်နေပြီး မသနားရန် မဖြစ်နိုင်ပေ။
ဇူအန် သူ့ဘေးတွင်ရပ်လျက် ခြေထောက်ကို လက်ဖဝါးဖြင့် အုပ်မိုးလိုက်သည်။ သူ့အသားအရည်က ပိုးသားလို ချောမွတ်နေသည်။
"ဒီနားလား"

"မဟုတ်ဘူး အပေါ်နည်နည်းမြင့်ဦး" ကျန်းတန် နှုတ်ခမ်းကို ကိုက်ထားသည်။ သူမမျက်နှာရဲနေခြင်းက ဆွဲဆောင်မှုရှိသော်လည်း မိန်းမငယ်တစ်ယောက်၏ အပြစ်ကင်းမှုနှင့် ရှက်ရွံ့မှုကို ဖော်ပြနေသေးသည်။

"ဒီနားလား" ဇူအန် ခြေမျက်စိကို ကိုင်၍ မေးလိုက်သည်။ သူ့ခြေထောက်က တကယ်သေး၍ ဇူအန်လက်ဖြင့် ဆုတ်ကိုင်၍ ကောင်းလေသည်။ သူ့လက်အောက်က ချောမွေ့နူးညံ့သော ခံစားချက်က ယောက်ျားသားတိုင်းကို အရှုံးပေးစေနိုင်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Место, где живут истории. Откройте их для себя