173

341 43 0
                                    

Chapter 173 : မြေကြီးအချိတ်အပိတ်

ရှောင်းရွှယ်ယင် ၏ လမ်းကြောင်းဆီသို့ ဧရာမဓားကြီးတစ်ခု ဝိုက်ကျလာသည်။ အဝေးမှနေ၍ ထိုဓားသံ၏ ကျယ်လောင်မြည်ဟီးသံကို ကြားနေရပြီး ၎င်းမှာ သူမ အနားသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေသည်။ ပွတ်တိုက်အားမှာ အလွန်ပြင်းထန်လှသဖြင့် သူမ၏ ခန္ဓာကိုယ်ကို အသာထား ၎င်းသည် အခြားကြေးဘီလူး ၏ ခန္ဓာကိုယ်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိလိမ့်မည်ဟု ထင်ရစေသည်။

ရှောင်းရွှယ်ယင် ၏ ပထမအတွေးမှာ ရှောင်တိမ်းရန်ဖြစ်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ ယခုအခါ လေထဲသို့ရောက်နေသောကြောင့် အားပြုစရာမရှိပေ။ သူမ ရှောင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သူမ၏ မြင်ကွင်းတွင် ဓားပုံရိပ်မှာ တဖြည်းဖြည်း ကြီးလာသည်ကို မြင်ရကာ ညင်သာစွာ သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ သူမ၏ ကံတရားကို လက်ခံရန် ဟန်ပြင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အသက်ရှင်သန်ရသည်ကို သူမ ငြီးငွေ့နေပြီဖြစ်သည်။ ယခုကဲ့သို့ သူမ သေဆုံးသွားရလျှင်လည်း မဆိုးလှဟု တွေးလိုက်သည်။ ယခုအခါတွင် ရှိနေသော သူမ၏ တစ်ခုတည်းသော နောင်တမှာ အချိတ်အပိတ် သုံးခုကို ဖြေဖျောက်၍ သခင်မလေးကို ကယ်တင်လိုက်နိုင်သည်ကို မမြင်တွေ့နိုင်ခြင်း ပင်ဖြစ်သည်။

ဇူအန် တစ်ယောက်တည်း လုပ်နိုင်ပါ့မလား။
ဇူအန်ကို တွေးမိလိုက်ခြင်းက သူမ၏ စိတ်ထဲတွင် ဒေါသပေါက်ကွဲစေသည်။

ငါ အခုသေရတော့မှာ ဒင်းကြောင့်ပဲ။ ဒီကိစ္စကို အနာဂတ်မှာ စဉ်းစားကြည့်ရင်တောင် သူ့မှာ အပြစ်ရှိတယ်လို့ နည်းနည်းလေးတောင် ခံစားပါ့မလား။ ဟ ငါတော့ မထင်ဘူး။ အပြစ်ရှိတယ်ဆိုတာကို ဒီလို ယောက်ျားမျိုးက ဘယ်လို သိနိုင်မှာလဲ။

“အခုချိန်မှာ ငါ့ကို ကြိမ်ဆဲနေပြီဆိုတာ ငါလောင်းရဲတယ်”
သူမ၏ ဘေးတွင် ရယ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရှောင်းရွှယ်ယင် သည် နွေးထွေးသော ရင်ခွင်တစ်ခု ထဲသို့ ကျရောက်သွားသည်ဟု ခံစားလိုက်ရသည်။ သူမ မျက်လုံး အလျှင်အမြန် ပြန်ဖွင့်ကြည့်လိုက်သောအခါ သူမကို ငုံ့ကြည့်နေသော ဇူအန် ကို တွေ့လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora