145

348 50 1
                                    

Chapter 145: မိသားစုဆိုတာ အတူရှိသင့်တယ်

ပိုကျုန်းယူ လည်ပင်းမှ ဓားကို ကိုင်ကာ ဖယ်ရန်ကြိုးပမ်းလိုက်သော်လည်း အဖတ်မတင်ပေ။ ဓားက ထိပြီးဖြစ်၍ ထိုဓားချက်က သူ့ကိုယ်မှ ခွန်အားအားလုံး ကုန်ဆုံးသွားစေသည်။ နောက်ဆုံးထွက်သက် ရောက်သွားပြီး လက်နှစ်ဖက် အားလျော့ကာ ပြုတ်ကျသွားတော့သည်။

သူ့စိတ်က ရှုပ်ထွေးနေဆဲပင်။
ဒီကောင်က ဘာလို့ ဒီနေရာမှာရောက်နေတာလဲ။ ငါ့ကို လုပ်ကြံဖို့ တစ်ချိန်လုံး စောင့်နေတာလား။

သခင်လေးက ဇူအန်လက်ထဲမရောက်ရန် အွန်ဂရုစိုက်သင့်ကြောင်း ဘာကြောင့် မှာမှန်း နားလည်သွားလေပြီ။
ဒါပေမဲ့ သခင်လေးက ဒီလူ ကောက်ကျစ်လွန်းတာ မပြောလိုက်ဘူး။ မသေသတ်ပြီးတာတောင် ငါ့ကို အေးအေးဆေးဆေး သေခွင့်မပြုဘူး။ ဒါနဲ့ ဘောလုံးပွဲက ဘာကြီးလဲ…။

ဇူအန်မျက်နှာမှ လှောင်နေမှုကိုကြည့်ပြီး ပိုကျုန်းယူ သွေးတက်လာသည်။ လည်ပင်းမှသွေးများ ဒလဟောစီးကျကာ နေရာအနှံ့ ပြန့်သွားသည်။

သင်သည် ပိုကျုန်းယူ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ပိုကျုန်းယူက ဇူအန်ကို မျက်စောင်းခဲနေသော်လည်း ခန္ဓာကိုယ်က ရှေ့စိုက်ကျလာသည်။ သူက အသက်မရှိတော့ပေ။

"ပြီးသွားပြီလား"
ဇူအန် စိတ်ပျက်သွားသည်။ သူက အမျက်ပွိုင့် ပိုရချင်နေသေးသည်။

ဇူအန် ပိုကျုန်းယူ ခန္ဓာကိုယ်ကို သစ်ကိုင်းပေါ် နေရာချ၍ ဓားကို ပြန်ရုတ်လိုက်သည်။ အလောင်းကို ရှာလိုက်သော် ရိက္ခာခြောက်များနှင့် အနာကျက်ဆေးတစ်ချို့သာ တွေ့ရသည်။ သူသယ်လာသော လေးမှာ အတော်လေးကောင်းပုံရသော်လည်း ဇူအန် မြားမပစ်တတ်ပေ။

မြားများကိုတစ်ချက်စမ်းကြည့်လိုက်သော် အားအနည်းငယ်ထည့်လိုက်သည်နှင့် ကျိုးသွားကြောင်း တွေ့လိုက်ရသည်။ ထိုမြားအရည်အသွေးက အလောင်းကောင်စစ်တပ်မှ ကောက်လာသော မြားများလောက် မကောင်းတာ သိသာသည်။ နိမ့်ကျသောပစ္စည်းများ ယူမထားချင်၍ ဘေးကိုပစ်လိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now