2

1.1K 92 0
                                    

Chapter 2: သတ်ဖြတ်ရန် ကြံစည်ခြင်း

ဇူအန် နားမလည်သည်ကို သဘောပေါက်သွားပြီး ချူးချူးယန် ပြောလိုက်သည်။ "နင်ဘယ်ကကြားလာလဲငါ ဂရုမစိုက်ဘူး နောက်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘာမှမမေးနဲ့ ။ မဟုတ်ရင် နင့်သေလမ်းနင်ရှာတာပဲ"

ဇူအန် လန့်ဖျက်သွားသည်။ သေလိုက်စမ်း ကြည့်ရတာ ဒီမသိခြင်းနယ်မြေက ပြဿနာပဲ ။
သူရပ်လိုက်သည်။ကြည့်ရတာ ဒီသောက်ကီးဘုတ်က ငါ့ကိုလှိမ့်နေတာပဲ ။ မေးတာနဲ့တင် သေမယ်ဆိုရင် ငါက ဖန်ရှင်ဖွင့်ဖို့ ဘယ်နားက လျှို့ဝှက်အချက်အလက်ကို ဘယ်လိုရအောင် ယူရမှာလဲ ။

သူ အသက်ပြင်းပြင်းရှူလိုက်သည်။ အာ. မေ့လိုက်ပါတော့ အစတည်းက အထူးအစွမ်းတစ်ခုမရလည်း ဘာဖြစ်လဲ ။ ဒီနေရာကို ဘဝကူးလာပြီး ဒီလောက်လန်းတဲ့ဇနီးလေး ရထားတာကိုက ကံအတော်ကောင်းနေပြီ။ တစ်ခြားဟာတွေတော့ ကြည့်လုပ်ကြတာပေါ့ ။

သူနှင့် သူ့ဇနီးကြားရှိ အဆင့်အတန်း ကွာခြားမှုကြီးကို ဇူအန်သိပ်စိတ်မပူပေ။ ဒါဟာ သူဖတ်ဖူးသော အွန်လိုင်းဝတ္ထုတွေထဲကအတိုင်းပဲ ။ သူက အဲ့ထဲက ဇာတ်ကောင်မင်းသားလုပ်သလို လိုက်လုပ်လို့ရတာပဲ ။
မင်းက ဝန်ရိုးစွန်းဆိုရင်တောင် ငါကအရည်ပျော်အောင် လုပ်ပေးမယ်။ ငိငိ…။

သူယမန်နေ့ညက ဤမျှလှပသော ဇနီးနှင့် အိပ်ရာတစ်ခုတည်း ကုန်ဆုံးသည်ကို စိတ်ကူးယဉ်ကြည့်လျှင်ပင် ရင်ခုန်စရာကောင်းလေသည်။ အားလား..ကောင်လေး စိတ်ထိန်းစမ်း သရေတွေသိမ်း။ စမတ်ကျကျနေဟ။

သံသယမဖြစ်စေရန် ဇူအန် မေးခွန်းဆက်မမေးတော့ပေ။ သူ့ဇနီးသည် နောက်ထပ်စကားပြောရန် ကျိန်းသေအလိုမရှိပေ။ ထို့ကြောင့် သူသည်လည်း ပြတင်းပေါက်အပြင်ဘက် ရှုခင်းကိုသာ ငေးနေလိုက်သည်။

မကြာခင် မြို့တံတိုင်းတသ်ခုကို မြင်ရလေသည်။ ရှေးခေတ်တရုတ်ပြည်၏ စံနှုန်းအရ သူ့မျက်စိရှေ့မှ မြို့သည် အဓိကမြို့တစ်ခုနှင့် ညီလေသည်။
မြို့ဂိတ်မှတစ်ဆင့် ဝင်ရောက်စဉ်တွင် မြို့နာမည်ချိတ်ဆွဲထားသော ဆိုင်းပုဒ်အကြီးကြီးတစ်ခု-လပြည့်မြို့ ကို တွေ့လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora