159

341 52 1
                                    

Chapter 159: မင်းဒီကိုလာရဲလာကြည့်

ရှီခွန်းတို့အုပ်စု သွေးစုတ်လင်းနို့များနှင့် တိုက်နေစဉ် ဇူအန်မှာ ချူချူယန်ကိုပွေ့၍ လှိုဏ်ခေါင်းအတွင်း ဝင်သွားလေသည်။

"အဲ့ဒီ လင်းနို့တွေမှာ ရောဂါပိုးတွေရှိလား သိချင်သား" ဇူအန် ရေရွတ်မိသည်။

လင်နို့များစွာ ပျံသန်းနေ၍ လေထဲတွင် သူတို့အနံ့များ ဟောင်နေသည်။ လင်းနို့များက ပိုးမွှားသယ်သော သတ္တဝါများဖြစ်ပြီး အရင်ဘဝက လူများတွင် ဖြစ်လေ့ရှိသောရောဂါအများစုက သူတို့ထံမှ ကူးစက်လာခြင်းဖြစ်ကြောင်း သိရသည်။ အစာစက်ကွင်းထိပ်ဆုံးကလူတောင် သူတို့ကို နာရီများစွာချက်ပြီးမှ စားရဲလေသည်။

သို့သော် ထိုအတွေးများ မကြာခင်ပျောက်သွားသည်။
ငါတို့ကဖြင့် အသတ်ခံရခါနီးနေပြီ။ ရောဂါပိုးတွေကို ဂရုစိုက်စရာ လိုသေးလို့လား။

အချိန်တစ်ခုကြာအောင် ပြေးပြီးနောက် လှိုဏ်ခေါင်းအဆုံးကိုမြင်လာရ၍ ဇူအန် သက်ပြင်းချလိုက်မိသည်။
လှိုဏ်ခေါင်းက လုံခြုံသလို ထင်ရသော်လည်း ပြေးလမ်းတစ်ခုသာရှိပြီး ပုန်းစရာနေရာမရှိပေ။ ရှီခွန်းသာ အမီလိုက်လာလျှင် သူတို့ အဆုံးသတ်ပေလိမ့်မည်။

ဒါပေါ့ လှိုဏ်ခေါင်းအဆုံးမှာလည်း အန္တရာယ်တွေပြည့်နေနိုင်သည်။ အထူးသဖြင့် ဇူအန် တွေ့ခဲ့ရသော ဖုတ်ကောင်ကောင်တပ်ဖွဲ့ပင်။ ထို့ကြောင့် နေရာတစ်ခုရှာ၍ ပုန်းနေရန် ဆုံးဖြတ်ထားသည်။ ဖုတ်ကောင်တပ်သာ သူတို့ကို သတိမထားမိလျှင် ဒီတောင်ကို ကျော်နိုင်ပေလိမ့်မည်။

သူ့အကြံက ရှီခွန်းကို ဂူအနက်ပိုင်းသို့ မြှားခေါ်ပြီး ဖုတ်ကောင်တပ်ဖွဲ့၏သတ်ခြင်း ခံရရန်ဖြစ်သည်။

သူသေချာ ဂူထဲကိုဝင်လိုက်သော် ဝင်ဝင်ချင်း ကြောက်စရာကောင်းသော လေဖိအားနှစ်ခုကို ခံစားလိုက်မိသည်။ ကံကောင်းစွာ ဇူအန် အသင့်ပြင်ထားပြီး နေကြာပန်းလှိုင်းဖြင့် နောက်ကို တစ်မီတာကျော် ပြန်ဆုတ်လိုက်သည်။

ဇူအန် ခြေချမိပြီးပြီးချင်း မော့ကြည့်လိုက်သော် ပုဆိန်ကိုင်ထားသော အလောင်းကောင်စစ်သားနှစ်ယောက်ကို တွေ့လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang