183

334 45 0
                                    

Chapter 183: ကောင်းကင်စည်းကို ဖွင့်ရန်နည်းလမ်း

“ငါ့ဘဝတစ်လျှောက်လုံး ဘာကိုမှ မကြောက်ခဲ့ဖူးဘူး ကောင်းကင်ဘုံကိုတောင်မှပေါ့” ချန်ဝေ့ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဆိုးရွားသည့် အခြေအနေထဲ ရောက်နေပါလျက်နှင့် ဒီကောင်၏ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ပုံကြောင့် ဇူအန် အထင်ကြီးမိသွားသည်။ သူ့ရဲ့ခိုင်မာတဲ့ ဇွဲလုံ့လက သာမာန်လူတွေကို တကယ်သာလွန်နေတာပဲ။

“အရမ်းကောင်းတယ်။ ငါ မင်းကို အပြစ်ရှိကြောင်း ဝန်ခံပြီး အဲ့စကားလုံးတွေကို ရေးထိုးတဲ့သူအဖြစ် ဝန်ခံစေချင်တယ်” ဇူအန် ပြောလိုက်သည်။

ရှောင်းရွှယ်ယင်သည် ဇူအန်တွင် ဘယ်လိုအကြံဉာဏ်မျိုး ရှိလိမ့်မလဲဆိုပြီး စိတ်ဝင်တစားနားထောင်နေတုန်း ထိုစကားများကို ကြားလိုက်ရသည့်အခါ အေးခဲတောင့်တင်းသွားသည်။ ခဏနေအုံး ဒါက သူ့ကို ငရဲထဲ တွန်းပို့လိုက်သလိုမျိုးပဲ မဟုတ်ဘူးလား။

“ဟားဟားဟား” ချန်ဝေ့လည်း နှာခေါင်းရှုံ့၍ ရယ်လိုက်ပြီး “မင်းလည်း တကယ့်တရားခံအစစ်ကို ရှာမတွေ့နိုင်ဘူးဆိုတာ ငါ အတပ်ပြောရဲတယ်။ အဲ့ဒါကြောင့် ငါ့ကို တရားခံအဖြစ် ဝန်ခံအောင် ဖြောင်းဖြချင်နေတာမလား”

“မင်းကို ထက်မြက်တဲ့သူလို့ ငါ ထင်ခဲ့တာ ကြည့်ရတာ ငါ မှားသွားတဲ့ပုံပဲ။ အဲ့အစား မင်းကို အမြော်အမြင်မရှိသူလို့ ပြောရမှာ” ဇူအန် ခေါင်းခါပြီး ပြောလိုက်သည်။

“မင်း” ချန်ဝေ့ ဒေါသထွက်သွားသည်။ အမြော်အမြင်မရှိသူဟု ခေါ်ခံရသောကြောင့် ပျော်ရွှင်သွားသည့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ချေ။

သင်သည် ချန်ဝေ့ ထံမှ အမျက်ပွိုင့် ၂၅၆ ရရှိပါသည်။

“သေသေချာချာစဉ်းစားကြည့်လိုက်။ ဘယ်သူကမှ ဒီအပြစ်အတွက် ဝန်မခံကြရင်တောင် မင်းက သေလူဖြစ်ပြီးသားပဲ။ ဒါပေမယ့် မင်း ဝန်ခံလိုက်ရင် သေသွားရမယ့် တစ်ဦးတည်းသောသူက မင်း ဖြစ်မှာပဲ။ အဲ့သဘောတရားက နားလည်ဖို့ မင်းအတွက် အရမ်းခက်နေလို့လား”

ချန်ဝေ့ စိတ်တိုသွားပြီး “ဒါပေမယ့် အဲ့ဒါက မျိုးရိုးစဉ်ဆက် ၉ ခုအထိ ရှင်းလင်းသုတ်သင်ပစ်ဖို့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ကြီးမားလေးလံတဲ့ အပြစ်ဒဏ်လေ။ လွယ်လွယ်လေးနဲ့ ဘယ်လိုလုပ် ငါ ဝန်ခံနိုင်မှာလဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin