Chapter 115.
ပုံမှန်လို ချူချူယန်ဘေးက နှင်းပွင့်များသည် အောက်ကိုကျ၍ အရည်မပျော်သွားပေ။ ထို့အစား သူ့ကို ရစ်ပတ်ထားသော ကြာပွင့်ပမာ ဖြစ်နေသည်။
ထိုအရာကိုမြင်သော် ဆန်းဟုန် ခေါင်းညိတ်လိုက်သည်။
"ချူသခင်မလေးရဲ့ ကျင့်ကြံမှုမှာ ပါရမီပါတာကို ကျုပ်ကြားဖူးပြီးသားပဲ။ ကြည့်ရတာ ကောလဟလတွေအတိုင်း တကယ်တော်တဲ့ပုံပဲ။ သူ့ကီကို ဒီအတိုင်းအတာအထိ ထိန်းချုပ်နိုင်တာ ချီးကျူးစရာပဲ"သူ့နောက်ရှိ ဆန်းရှန်က ချူချူယန်ကို အငမ်းမရ ကြည့်နေသည်။
ကျန်းတန်ကလှပေမဲ့ ချူချူယန်နဲ့ ယှဉ်ရင် လိုနေတုန်းပဲ။ ငါသာ ဒီလိုမိန်းမမျိုးရရင် အိပ်မက်ထဲတောင် ထရယ်မိမှာ။အရင်တုန်းက သူစိတ်ကူးတောင် မယဉ်ရဲခဲ့ပေ။ သို့သော် ချူချူယန် သူ့ထက်နိမ့်ကျသော ဇူအန်ကို ရွေးချယ်လိုက်တာ သိပြီးထဲက ဒီနတ်သမီးက သူထင်သလောက် မဝေးကွာဘူးဟု ထင်လာသည်။
သူ့အဖေအစီအစဉ်ကိုကြားပြီးနောက် သူ့အတွေးများ ပိုခိုင်မာလာသည်။ ချူအိမ်ပျက်စီးတာနဲ့ သူက ဂုဏ်မြင့်တဲ့ မြို့တော်ဝန်သမီးမဟုတ်တော့ဘူး။ အဲ့ဒီအခါကျ သူအခွင့်အရေး ရချင်ရလာမှာ။
အနည်းငယ်ပြဿနာရှိသည်က ရှီခွန်းလည်း သူ့ကို စိတ်ဝင်စားနေခြင်းပင်..
ဆန်းဟုန် သူ့သားအတွေးကို မသိချေ။ ကျန်းလော့ဖူထံ လှည့်၍ စကားပြောနေလိုက်သည်။
"ချူသခင်မလေး ဒီလောက်ထိတော်တာ ကျောင်းအုပ်ကျန်းရဲ့ သင်ပြမှုတွေကြောင့်ပဲ ဖြစ်ရမယ်"သူ့ကိုယ်သူ ထိန်းနေသော်လည်း အကြည့်က ကျန်းလော့ဖူခြေထောက်ကို ရောက်ရောက်သွားသည်။ သူ့ခြေထောက်များက ရှည်လျားသွယ်လျပြီး ကောင်းကင်က ဖန်ဆင်းထားသည်ဟုပြောလျှင် ယုံလောက်သည်။ထို့အပြင် သူက ခြေထောက်ကို ဖုံးထားသယောင်ပေါ်နေသောခြေအိတ်တစ်စုံ ဝတ်ထား၍ ပိုဆိုးသည်။
ဒီမိန်းမက တကယ့်ကဝေမပဲ။
ကျန်းလော့ဖူ ပြန်ပြုံးလိုက်ပြီး
"ချူချူယန် အောင်မြင်မှုက သူ့အရည်အသွေးနဲ့ ကြိုးစားမှုကြောင့်ပါ။ ကျွန်မတို့က လမ်းပြပေးရုံပါပဲ"
ŞİMDİ OKUDUĞUN
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Aksiyonအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...