Chapter 63. ငါက လောင်းကစားဘုရင်ပဲ
ဇူအန်၏ ကျရှုံးခန်းကို စောင့်မျှော်နေသော လောင်းကစားသမားတိုင်းက ထွက်ပေါ်လာမည့် ကြီးမားသော အချိုးအကွေ့ကို စောင့်မျှော်နေကြသည်။ မက်မွန်ပွင့် ၇ကို အဖြေဖွင့်ရန် ဝိုင်းပြေရင်း အခြေအနေက ပို၍ပင် အသက်ဝင်လာလေသည်။
သူ့တပည့်များ၏ သတိပေးမှုကြောင့် မက်မွန်ပွင့် ၇ အတွေးထဲမှ ပြန်ထွက်လာရသည်။ သူက တံတွေးမြိုချလိုက်ပြီး သုံးထပ်ကွမ်းခေါက်မိလိုက်သော သူ့ကိုယ်သူ ကျိန်ဆဲမိသည်။
အခြားပုံစံဖြစ်ပါက သူဒီလောက် အများကြီး ရှုံးမည်မဟုတ်ပေ။ သူ့ကိုစောင့်ကြိုနေသော ကပ်ဆိုးကို သူကြိုမြင်နေရလေပြီ။ဒါက ငွေစ ၇ သန်းခွဲ။ မက်မွန်ပွင့်ဂိုဏ်း ပိုင်ဆိုင်မှု အားလုံးရောင်းတောင်မှ ငွေစ အဲ့လောက် ရနိုင်မှာ မဟုတ်ဘူး။
ခေါင်းဆောင်က ငါ့ကို နုပ်နုပ်စင်းပြီး ခွေးစာကျွေးလိုက်လိမ့်မယ်။
ထိုအတွေးပုံရိပ်က သူ့ကိုထိပ်လန့်စေပြီး လက်ကို စားပွဲအောက် မသိမသာ နှိုက်လိုက်သည်။ အံစာတုံး၏ အဖြေကို ပြောင်းနိုင်မည့် စက်ခလုတ်တစ်ခု ထိုနေရာတွင် တပ်ဆင်ထားလေသည်။လက်ရှိအခြေအနေအရ ချူချူယန်သတိမထားမိပါစေနှင့်ဟု ဆုတောင်း၍ လောင်းရန်သာ တတ်နိုင်တော့သည်။
ကံဆိုးစွာပင် သူက အဆင့် ၅ ကျင့်ကြံသူတစ်ယောက် မည်မျှ အင်အားကောင်းကြောင်း နားမလည်ပေ။ သူ့လုပ်ရက်က လောင်းခြင်းမဟုတ်ဘဲ လုံးဝရှုံးနိမ့်ခြင်းပင်။သူ့လက်လှုပ်လိုက်သည်နှင့် အဖြူရောင်အရှိန်အဝါတစ်ခု သူ့လက်ကို လွှမ်းအုပ်လာပြီး လက်တစ်ချောင်းလုံး လှုပ်မရတော့ချေ။
"ရှင် အဲ့တာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ။ လိမ်တာလား"
ချူချူယန်က သူ့ကို သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်နေခြင်းပင်။ အထူးသဖြင့် သူမကိုယ်တိုင် ယခုအကြိမ် လောင်းကစားတွင် ပါဝင်နေသောကြောင့် မည်သူမှ အဖြေကို ပြောင်းလဲရန် လက်မခံနိုင်ပေ။
ဇူအန် သက်ပြင်းချလိုက်ပြီး ပြေလေသည်။
"မင်းကို ငါမလိမ်ဖို့ သတိပေးပြီးသား။ မင်းကမှ နားမထောင်ချင်တာ"
ČTEŠ
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Akčníအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...