62

364 61 0
                                    

Chapter 62. နောင်တရ၍ မျက်နှာပင် စိမ်းလုလု

မက်မွန်ပွင့် ၇ တစ်ကိုယ်လုံး အေးစက်သွားသည်။ စကားတစ်လုံးမှားလိုက်သည်နှင့် သူရေခဲရုပ်ဖြစ်သွားနိုင်ကြောင်း အာရုံရလေသည်။ သူက လက်မြှောက်လိုက်ပြီး သူ့ငယ်သားများကို နောက်ဆုတ်ရန်ပြလိုက်သည်။

ကပ်ဖား၍ ပြုံးလိုက်ပြီး ပြောလေသည်။
"ချူမိန်းကလေး အထင်လွဲနေပါပြီ။ ကျုပ်တို့က ခင်ဗျားရဲ့ ရန်သူဘယ်လုပ်ရဲမလဲ။ ကျုပ်လူတွေကို ကောင်းကောင်းမသွန်သင်ထားမိလို့ တောင်းပန်ပါတယ်"

အန္တရာယ်ကျော်လွန်သွားကြောင်း သတိထားမိလိုက်၍ ဇူအန် အရှေ့ကိုပြန်တက်လိုက်သည်။

"ဒါဆို မင်းကငါတို့လမ်းကို ဘာလို့ ပိတ်နေတာလဲ။ ပြီးတော့ ငါ့ပိုက်ဆံ ငွေစငါးသောင်း ဘယ်မလဲ"ဇူအန် မောက်မာစွာ တောင်းလေသည်။

ဇူအန်၏ ဂုဏ်မောက်သော အပြုအမူက မက်မွန်ပွင့် ၇ ကို စိတ်လွတ်စေမတတ်ပေ။ သူအခုတော့ မက်မွန်ပွင့် ၁၃ ဇူအန်နာမည်ကြားသည်နှင့် ရုံထဲသို့ စိတ်လွတ်ကိုယ်လွတ် အတင်းဝင်လာရကြောင်း နားလည်လာသလိုပဲ။

ဒီဆန်ကုန်မြေလေးက အတွင်းပိုင်းအထိ ရွံစရာကောင်းသော လူညစ်ဖြစ်လေသည်။ အရည်အချင်းတစ်ခုမှမရှိဘဲ နောက်ခံကို လုံးဝ မှီခို၍ ကြီးကျယ်နေခြင်းပင်။

"ကျုပ်တို့ ငွေချိတ် လောင်းစကားရုံက နာမည်တစ်လုံးနဲ့ နေလာတာ။ ဘာလို့ မပေးဘဲ နေလိမ့်မလဲ။ ဟေ့..ဇူသခင်လေးရဲ့ ပိုက်ဆံယူလာခဲ့ကြ"

စိတ်တိုသော်လည်း ချူချူယန် မျက်နှာကြောင့် မက်မွန်ပွင့် ၇ မှာ မတတ်သာဘဲ ပြုံးနေရလေသည်။ သူတွေးလေလေ ဒေါသထွက်လေလေပင်။

သင်သည် မက်မွန်ပွင့် ၇ ထံမှ အမျက်ပွိုင့် ၃၄၄ ရယူလိုက်သည်။

အလေးချိန်အရ ငွေစငါးသောင်း ပမာဏက အလွန်လေးလံ၍ ပိုလွယ်ကူစေရန် ငွေတိုက်စာရွက်ကို အသုံးပြုကြလေသည်။

မက်မွန်ပွင့် ၇ က သူ့ငယ်သားကို ငွေတိုက်စာရွက်တစ်ထပ် ပေးခိုင်းလိုက်သည်။
"ဇူသခင်လေး သူတို့ကို သေချာသိမ်းနော်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now