86

362 54 0
                                    

Chapter 86. ပိုင်စုစု

လုဒီအကြည့်က ဝေဆောင်နှင့် တစ်ခြားလူများကို နောက်သို့ ဆုတ်သွားစေသည်ာ ဇူအန်အနားတွင် ရပ်နေရန် သူတို့အားလုံး လုံခြုံသည်ဟု မခံစားရပေ။

ဒီသစ္စာမရှိတဲ့ ကောင်တွေ..
သူက လုဒီကို တည်တည်ငြိမ်ငြိမ်ပြန်ကြည့်၍
"ရန်ဝေ့ ကျုပ်ကို အရင်ပစ်မှတ်ထားတာ။ ဒီလောင်းကစားကိုလည်း သူပဲ အရင်ပြောတာ။ သူ့ကို လက်ခံလိုက်တာနဲ့ ကျုပ်က ဘာလို့ အပြစ်လုပ်တဲ့လူ ဖြစ်သွားရတာလဲ"

"ငါတို့ ကျောင်းစည်းကမ်းကို မေ့သွားပြီလား။ အရေးအကြီးဆုံးက ဆရာကို လေးစားဖို့ပဲ။ မင်းဘယ်လောက်တော်တော် မင်းလူကြီးအပေါ် အခြေခံလေးစားမှုရှိသင့်တယ်။ မင်းအကယ်ဒမီက ထွက်တာနဲ့ တေလေကြမ်းပိုးဖြစ်သွားလိမ့်မယ်" လုဒီ ပြင်းပြင်းထန်ထန် အပြစ်တင်သည်။

"ကျုပ်နဲ့တော့ သဘောထားခြင်း မတူဘူး။ ဆရာက ကောင်းတဲ့စံပြဖြစ်နေမှ ကျောင်းသားက ဆရာကို လေးစားသင့်တာ။ ဒါပေမဲ့ ရန်ဝေ့က ပုဂ္ဂလိကအကြောင်းပြချက်ကြောင့် ကျောင်းသားတစ်ယောက်ကို ပစ်မှတ်ထားနေတာ။ ဒီလိုလူမျိုးကရော ဆရာအဖြစ် လေးစားခံသင့်သေးတာလား" ဇူအန် မျက်မှောင်ကြုံ့၍ ပြန်ဖြေသည်။

ဇူအန် ပြန်ခံပြော၍ လုဒီ ပိုဒေါသထွက်သွားသည်။
"ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ဆရာပဲ။ သူ့မှာ ပြဿနာရှိရင်တောင် မင်းအကယ်ဒမီကို စုံစမ်းဖို့ ထားလိုက်သင့်တယ်။ မင်းလို ကျောင်းသားတစ်ယောက်က ကိုယ်တိုင်နည်းလမ်းနဲ့ ဖြေရှင်းရဲရတာလဲ"

"ကျုပ်နည်းလမ်းနဲ့ ဖြေရှင်းတယ် ဆိုတာ ဘာစကားလဲ။ ကျုပ်တို့ လောင်းတာက ပွင့်လင်းပြီး မျှတတယ်။ ဒီမှာ ရှိတဲ့လူတိုင်း ကျုပ်ကို အာမခံနိုင်တယ်" ဇူအန် ဘေးမှကျောင်းသားများကို ပြရင်း ပြောလိုက်သည်။
"အရာအားလုံးက နည်းလမ်းမှန်အောင် ရှန်းဆရာမကိုတောင် မျက်မြင်သက်သေအဖြစ် ဖိတ်ထားသေးတယ်"

ရှန်းလျှို့ယီ ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ ဆရာရန်လည်း သဘောတူထားတာ"

"ရှန်းဆရာမ ဒီကောင် အရူးလုပ်တာ ခံမနေနဲ့" လုဒီ ရှန်းလျှို့ယီကို ပြုံးပြပြီး ဇူအန်ကို ထူးဆန်းသော မျက်နှာဖြင့်ကြည့်လိုက်သည်။
" မင်းက တကယ့်ကို လောင်းကစားသမားပဲ။ ဟမ်။ အကယ်ဒမီရဲ့ အဓိကစည်းကမ်း ၁၀ ချက်မှာ တစ်ချက်က လောင်းကစားလုပ်တာကို တားမြစ်ထားတာပဲ။ ဒါကို မင်းက ငွေချိတ်လောင်းကစားဝိုင်းကို ပေါ်တင်သွားပြီး လောင်းရဲသေးတယ်။ မင်းကြောင့် ငါတို့အကယ်ဒမီ နာမည်ဘယ်လောက်ကျသွားတယ် ထင်လဲ။ ဟမ့် ငါတို့ကျောင်းမှာ မင်းလိုလူတစ်ယောက် မလိုဘူး။ မင်းရဲ့ ချူအိမ်ကို မင်းပြန်တော့"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora