17

492 69 1
                                    

Chapter 17: ငှက်တစ်ကောင်၏ နံနက်စာ

ဇူအန် ကြောက်ကြောက်လန့်လန့် ပင့်သက်ရှိုက်လိုက်သည်။
"မင်းကတရားခံလား။ ငါနဲ့မင်း ရန်ငြှိုးလည်းမရှိဘဲ ဘာလို့ငါ့ကို လုပ်ကြံရတာလဲ"

သူက အေးစက်စွာ လှောက်၍ပြောသည်။
"ဒါကတော့ မင်းမပစ်မှားသင့်တဲ့လူကို ပစ်မှားမိတာကို"

"ဘယ်သူ့ကို ငါပစ်မှားမိလို့လဲ" ဇူအန် မေးလိုက်သည်။

သူက လဲကျနေသော ဇူအန် ရင်ဘတ်ကိုနင်း၍ ဓားကို မျက်နှာနား ကပ်လိုက်ပြီး
"မင်းအဲ့တာကို သိစရာမလိုဘူး။ ငရဲရောက်မှာ ယမမင်းကို မေးလိုက်တော့"

ဇူအန် အံ့သြသွားသည်။
ဒီလောကမှာလည်း ငရဲတို့ ယမမင်းတို့ ကျော်ကြားတာပဲလား။

"မင်းငါ့ကိုသတ်ရင် ချူအိမ်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး" ဇူအန် ထပ်ပြောသည်။ တရားခံက ချူအ်ိမ်ထဲကလား သိရန် လိုလေသည်။

"အား..ကြောက်လိုက်တာ" မက်မွန်ပွင့် ၁၂က ဟန်လုပ်၍ ရင်ဘတ်ကို လက်ဖြင့်ဖိကာ ကြောက်ဟန်ပြသည်။
"ငါတို့က တောထဲမှာလေ ။ မင်းရဲ့အလောင်းတောင် ကျန်ခဲ့မှာမဟုတ်ဘူး။ ဘယ်သူမှ မင်းသေတာကိုမသိဘူး"

သူက ခေတ္တရပ်လိုက်ပြီး
"ဒါပေမဲ့ မင်းငါ့ကိုသတိပေးလိုက်တာ ပိုကောင်းသွားတယ်။ မင်းပြောတာမှန်တယ်။ ငါကိုယ်တိုင် မင်းကိုမလုပ်သင့်ဘူး။ မင်းကို ဝံပုလွေချောက်ထဲချပြီး တင်ပါးကွဲဝံပုလွေတွေကို တစ်စမကျန်အောင် ကိုက်ခိုင်းရမှာ။ အဲ့တာဆို ချူအိမ်တောင်မှ ငါ့ကိုနောက်ယောင်ခံနိုင်မှာ မဟုတ်တော့ဘူး"

ဇူအန် စိတ်ဝင်စားသွားသည်။ သူ့ပြောစကားအရ တရားခံသည် ချူအိမ်မှ မဟုတ်ပေ။

"အာ သူတို့ကို ဘာလို့ တင်ပါးကွဲဝံပုလွေလို့ခေါ်လဲ သိလား" သူက ရက်စက်သောအပြုံးဖြင့် မေးလိုက်သည်။
ဇူအန်ပြန်မဖြေခင်ပင် သူ့ဘာသာပြန်ဖြေသည်။
"ဘာလို့ဆို သူတို့က တင်ပါးကိုဆွဲတဲ့နေရာမှာ အရမ်းကျွမ်းလို့လေ။ သူတို့က ရန်သူကို ချက်ချင်းသတ်နိုင်ကြတယ်။ မင်းရဲ့အူကို တစ်စစီ ဝါးမြိုနေတာကို မင်းဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရမှာ။ ဘယ်လောက်နာမလဲ ငါသိချင်သား"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora