121

368 45 1
                                    

Chapter 121.

ဇူအန် ရယ်ချင်သွားသည်။
"မင်းက ဘာလို့ဒီလောက်တောင် အလံလွှင့်ရတာ ကြိုက်တာလဲ။ မင်းဒီစကားတွေ အကြိမ်ပေါင်းများစွာ ပြောပြီးတာ မင်းသတိမထားမိဘူးလား။ မင်းက ကြက်တူရွေးလား။ ဒါမှမဟုတ် အဲ့တာ မင်းသိတဲ့ စကားလုံးအကုန်ပဲလား"

"ဘာလဲ အလံလွှင့်တာက" ယွမ်ဝမ်ဒုံ ပြန်ပြောလိုက်ပြီးမှ ဇူအန်စကားနောက် အလိုလိုပါသွားကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် ဒေါသတကြီး အော်လိုက်လေသည်။
"မင်းမှာ အဲ့ဒီ လျှာစောင်းထက်တာပဲ ရှိတာ"

ပြင်းပြင်းထန်ထန် ပြန်ငြင်းလိုက်သော်လည်း သတိလက်လွတ် မနေရဲတော့ပေ။ သူသိသည့်ထဲက အားအကောင်းဆုံးဓားသိုင်းကို ချက်ချင်းထုတ်သုံးလိုက်သည်။

"မြည်ဟီးနဂါးရဲ့ အရူးအမူး အက"

ယွမ်ဝမ်ဒုံ ခန္ဓာကိုယ်က ဇူအန်ထံ လျှပ်စီးတစ်ခုလို ပြေးဝင်လာသည်။ သူက တည့်တည့်ပြေးဝင်သည် မဟုတ်ပေ။ တစ်ချိန်တွင် နေရာတစ်ခု နောက်တစ်လှမ်းတွင် နေရာတစ်ခု အမျိုးမျိုး ပြောင်းလဲနေခြင်းပင်။ဒီအကွက်က သူ့နေရာကို ဇူအန် မခန့်မှန်းနိုင်အောင် လုပ်ပေး၍ ဇူအန် ပြေးလျှင်လည်း ချောင်ပိတ်အောင် လုပ်နိုင်သည်။

သူ့ဓား၏ လှုပ်ရှားမှုက တိုက်ပွဲတွင်းက နဂါးတစ်ကောင်ကဲ့သို့ ပုံရိပ်ကျန်စေခဲ့သည်။ ကြမ်းတမ်းပြင်းထန်စွာ ဇူအန်ကို တစ်စစီလုပ်ရန် ဝင်လာသလိုပင်။

ချူဟွမ်ကျောက်က သူ့အစ်မလက်မောင်းကို စိတ်ပူပန်စွာ ဆုတ်ကိုင်ထားပြီး ချူချူယန်ကတော့ ဇူအန် အန္တရာယ်ကြုံလျှင် အပြေးဝင်ကယ်နိုင်ရန် တိုက်ပွဲကို သေချာ ကြည့်နေလိုက်သည်။ သူက ဝူဒီကြောင့် ဒဏ်ရာအပြင်းအထန်ရထား၍ အချိန်မီကယ်နိုင်မလား စိတ်ပူနေတာ တစ်ခုပင်။

ဇူအန်လည်း ဓားဆွဲ၍ သူသိထားသည့် တစ်ခုတည်းသော ဓားသိုင်းကို သုံးလိုက်သည်။
လပြည့်ဝန်းအကယ်ဒမီ၏ အခြေခံဓားသိုင်း ၁၃ ချက်ပင် ဖြစ်လေသည်။

ယွမ်ဝမ်ဒုံ၏ အရှိန်အရ ထိပ်တိုက်တွေ့ရလောက်အောင် မတုံးသော်လည်း ယွမ်ဝမ်ဒုံ ဓားကီက သူ့ကို ရှောင်စရာမရှိအောင် လုပ်ထား၍ မတတ်နိုင်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora