Chapter 40: သူ့နာမည်လိုပဲ
ဇူအန် လက်မထောင်ပြလိုက်သည်။
"လူအားလုံးထဲမှာ အမှိုက်အကျဆုံးက ကျုပ်လို့ ထင်ထားတာ...အခုတော့ ခင်ဗျားအဆင့်ထိရောက်ဖို့ အဝေးကြီးလိုသေးတာပဲ"ထိုလူက ဇူအန်စကားကို စိတ်မဆိုးချေ။ သူက ယပ်တောင်ကိုပိတ်လိုက်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။
"ခင်ဗျားပညာလိုချင်ရင် တစ်ချက်တစ်လေ ထောက်ပြပေးလို့ရပါတယ်။ ကျုပ်နာမည်က ချီရှို့ပါ။ ခင်ဗျားက ဘယ်လိုခေါ်လဲ""ကျုပ်က ဇူအန်ပါ" ထိုလူ့နာမည်က ပင်ကိုယ်ဆွဲဆောင်မှု ဟု အဓိပ္ပာယ်ရသောကြောင့် ဇူအန် အံသြနေသည်။
"အိုး..ခင်ဗျားနာမည်က ရင်းနှီးနေတယ်။ တစ်နေရာမှာ ကြားဖူးနေသလိုပဲ" ယပ်တောင်ကို မေးအောက်ကို ထောက်၍ စဉ်းစဉ်းစားစား ပြောလေသည်။
ဇူအန်ပြန်ပြောရန်ကြံနေစဉ် ချန်ရှို့ပင်းက လှမ်းခေါ်လေသည်။
"သခင်လေး အလှည့်ရောက်တော့မယ် မြန်မြန်ပြန်လာတော့"ဇူအန် လက်သီးဆုတ်၍ နှုတ်ဆက်လိုက်သည်။
"အစ်ကိုရှို့ အခွင့်ကြုံရင် ခင်ဗျားဆီက ဘယ်လို လူရှုပ်လူ....ဖီး.ဖီး..ဖီး..ကျုပ်ပြောချင်တာ ပိုးပန်းနည်းကို သင်ယူမယ်လို့ပါ""မင်းကြည့်ရတာ ငါနဲ့ ဝါသနာတူတစ်ယောက်ပေါ့။ ဒါပေါ့ ရပါတယ်" ချီရှို့ ပြန်နှုတ်ဆက်လိုက်သည်။
ဇူအန် စီတန်းသောနေရာကို ပုန်ရောက်သွားသည်။ သူ့ရှေ့ရှိ ဟုန်ရှင်းယင်မှ အေးစက်စက် ပြောလာသည်။
" အမျိုးတူစုတယ်ဆိုတာပဲ။ မင်းလိုလူက အဲ့လိုလူနဲ့ပဲ အပေါင်းအသင်းလုပ်နိုင်မှာပေါ့"ဇူအန် ပုခုံးအသာတွန့်လိုက်သည်။
"နှမြောစရာပဲ ငါ့လိုလူက မင်းရဲ့အိပ်မက်ထဲက နတ်သမီးကို လက်ထပ်နိုင်လိုက်တာ"ဟုန်ရှင်းယင် ဒေါသချက်ချင်း ထွက်သွားသည်။
"မင်းက မမလေးကို ပစ်မှားရဲတယ်လား"သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၃၂၁ ရယူလိုက်သည်။
ဇူအန် ရယ်လိုက်ပြီး
"ငါတို့က လက်ထပ်ထားတဲ့ ဇနီးမောင်နှံလေ။ မင်းစကားကြီးက…ဘယ်လိုလုပ် ပစ်မှားတာဖြစ်မလဲ"
ESTÁS LEYENDO
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Acciónအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...