Chapter 77. မြေအောက်ဂူ ဝင်ခွင့်
"ခင်ဗျား အတည်ပြောနေတာလား။ တော်ဝင်လွှတ်တော်က အဲ့လောက် လွှမ်းမိုးထားတယ်လား" ဇူအန် အံ့သြစွာ ပင့်သက်ရှိုက်မိလိုက်သည်။
တော်ဝင်အာဏာမည်မျှ ကြီးမားကြောင်း ဇူအန် လုံးဝမသိထားချေ။ သို့သော် ကျီတန်ထုစကားအရ မဟာကျိုးခေတ်က ဘယ်လောက် အားကောင်းလဲ ခန့်မှန်းနိုင်သည်။သူ့ပြောစကားအရ မြေအောက်ဂူများက ကျင့်ကြံသူများအတွက် ရတနာများ ကံကောင်းစေသော အတွေ့အကြုံများဖြင့် ပြည့်နေ၍ ခွန်အားမြှင့်တင်ရန် အကောင်းဆုံးနေရာဖြစ်သည်။ သို့သော် တော်ဝင်လွှတ်တော်က ထိုတန်ဖိုးကြီးသော အရင်းအမြစ်များကို လက်ဝါးကြီးအုပ်နိုင်နေပြီ။
ဒီလို လုပ်ရက်က ပုဂ္ဂလိကဂိုဏ်းများနှင့် အပြင်လောက ကျင့်ကြံသူများထံမှ များစွာသော ဆန့်ကျင့်ခြင်းများ ကြုံရမည်မှာ အသေအချာပင်။ ဒီဆုံးဖြတ်ချက်ကို အပြင်းအထန်ကန့်ကွက်ကြပေလိမ့်မည်။ သို့သော် တော်ဝင်လွှတ်တော်က အင်အားသုံး၍ ထိန်းချုပ်နိုင်သေးသည်။ အခြားလူများကလည်း မတတ်သာ၍ ငြိမ်ခံနေကြရသည်။
မင်းတော်ဝင်လွှတ်တော်ကို ပါဝင်ပြီး အကယ်ဒမီကို ဝင်ရင်ဝင် မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုလမ်းကြောင်းအတွက် ရတနာတွေကို တာ့တာပြရမယ်။
"ဒီလောကမှာ ပညာရှင်အများစုက တော်ဝင်လွှတ်တော်ကို ဘာလို့ဝင်သွားကြတယ်ထင်လို့လဲ"ကျီတန်ထု ရယ်လိုက်သည်။
"ခနနေဦး " ဇူအန် ကျီတန်ထုစကားကြားမှ ကွာဟချက်ကို သတိထားမိလိုက်သည်။
"ခင်ဗျားပြောသလိုဆို ဒီဂူတွေက ဟိုးအရင်တည်းက ရှိခဲ့တာ။ ကျင့်ကြံသူတွေ တစ်ချိန်လုံး ဝင်ရောက်နေရင် ဒီအချိန်မှာ ရတနာသိပ်မကျန်တော့လောက်ဘူး မဟုတ်လား"ကျီတန်ထု ခေါင်းယမ်းလိုက်သည်။
"မင်းက ဒီဂူတွေကို အထင်သေးနေတာပဲ။ သူတို့က သူတို့စည်းမျဉ်းနဲ့ သူတို့ သီးသန့်ရှိနေတဲ့လောကတွေ။ တစ်ချို့ဆို ငါတို့လောကနဲ့တောင် အရွယ်အစား ယှဉ်နိုင်တယ်"
"သူတို့မှာ သူတို့ သဘာဝစနစ်ကိုယ်စီရှိပြီးတော့ အချိန်တန်ရင် အထောက်အပံ့တွေက ပြန်ပေါက်လာတာပဲ ။ ပန်းသီးတစ်လုံးချင်းစီ အမြဲတမ်းခူးနေလို့ ပန်းသီးပင်က အသီးမသီးတော့တာ မဟုတ်ဘူး။ အဲ့လိုပဲ"
ESTÁS LEYENDO
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Acciónအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...