136

339 53 0
                                    

Chapter 136: ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်မှာလဲ

လူတိုင်းက ကြုံရမည့်အန္တရာယ်ကို ကြိုသိထားသော်လည်း မသိစိတ်မှ ရလာမည့်အကျိုးရလဒ်ကိုသာ အာရုံစိုက်မိနေခြင်းပင်။ သို့သော် ကျောင်းအုပ်ကျန်းလို လူတစ်ယောက် ထောက်ပြလိုက်ခြင်းက ပို၍ အလေးအနက်ထားမိသွားစေသည်။

"မင်းတို့ အခုချိန် နောက်ဆုတ်ရင် အချိန်မီသေးတယ်။ ဂူထဲဝင်ပြီးတာနဲ့ ဂူပိတ်တဲ့ ဆယ်ရက်မြောက်နေ့အထိ စောင့်ပြီးမှ အပြင်ထွက်လို့ရမှာ။ ဝင်ပေါက်ကနေဖြတ်ပြီးတာနဲ့ အပြင်ကို ကြိုထွက်ဖို့ မဖြစ်နိုင်တော့ဘူး"ကျန်းလော့ဖူ လူအုပ်ကိုကြည့်၍ ဆိုးကျိုးများကို တည်တည်ငြိမ်ငြိမ် ထောက်ပြလိုက်သည်။
"မင်းတို့အားလုံး အာမခံစာချုပ်လက်မှတ်ထိုးထားရမှာ။ ဂူအတွင်းဖြစ်ပျက်သမျှအားလုံးကို အကယ်ဒမီက တာဝန်မယူဘူးဆိုတာ သိထားပါ"

ကျောင်းသားများ အချင်းချင်း မသေချာစွာ ကြည့်လိုက်ကြသော်လည်း နောက်မဆုတ်ချင်ကြပေ။ ဒီအထိရောက်အောင် အစွမ်းကုန်ကြိုးစားထားပြီး နောက်ဆုံးအချိန်မှ လက်မလျှော့နိုင်ပေ။

"အာဆယ်မြေအောက်ဂူရဲ့ မြေပုံက အခေါက်တိုင်း ကျပန်း ရွေးချယ်တာ။ လမ်းပြမယ့်ဆရာတွေ ရှိတာတောင် ဘာမှသိပ်မကွာဘူး" ကျန်းလော့ဖူ ပြောလိုက်သည်။
"အဆင့် ၄နဲ့ အဆင့် ၅ အားလုံးက ကိုယ့်ဘာသာ လှုပ်ရှားလို့ရတယ်။ မင်းတို့ အရည်အချင်းနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်။ မင်းတို့ အရည်အချင်းကို အဆုံးထိသုံးပြီး ဓားသွေးချင်ရင်တော့ တစ်ယောက်တည်းလှုပ်ရှားတာ ပိုကောင်းလိမ့်မယ်။ ကျန်တဲ့လူတွေကတော့ ဆရာတစ်ယောက်နောက်လိုက်ပြီး ဂူထဲဝင်ရမယ်"

ထိုအချိန်တွင် ကျန်းလော့ဖူ ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
"အရင်နှစ်တွေတုန်းက တစ်ယောက်တည်းစွန့်စားချင်သူတွေကို ငါတို့ခွင့်ပြုပေးတယ်။ ဒါပေမဲ့ ဒီနှစ်တော့ တစ်ခုခု ထူးဆန်းနေတာတွေ့လို့ သေချာဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ မင်းတို့ အဆင့်၄ကို မရောက်သေးရင်တော့ ဆရာတစ်ယောက်နဲ့ အနီးကပ်နေဖို့ ငါအကြံပေးချင်တယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now