78

372 50 0
                                    

Chapter 78. နံပါတ်၈ မိန်းမလှ

ချူကျုန်းထန်က ကျီတန်ထုကို ငြင်းလိုက်ခြင်းသည် အလွန်ပညာရှိသော ဆုံးဖြတ်ချက်ဟု ဇူအန်ထင်လေသည်။ မဟုတ်ရင် ဖောက်ပြန်ခံရနိုင်သော အခွင့်အရေးရှိလေသည်။ ဒါပေမဲ့ မိန်းမအတွင်းခံခိုးတဲ့ အပြုအမူကို ကြည့်ရင် ကျီတန်ထုက အာကျယ်ပြီး တကယ်မလုပ်ရဲတဲ့သူလည်း ဖြစ်နိုင်သည်။

ဇူအန် နေကောင်းပုံပေါ်သေကြောင့် ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ တို့ တားစရာမရှိပေ။ သို့သော် သူ့ကိုလိုက်ပို့ရန် အစောင့်တစ်ချို့ ထည့်လိုက်သေးသည်။

ဇာတ်လမ်းထဲကလို သူတို့အစောင့်များထံမှ အသည်းအသန်ထွက်ပြေးပြီး အန္တရာယ်တွင်းထဲတည့်တည့်ကျသော ငတုံးဇာတ်လိုက်တွေထဲက တစ်ယောက် မဖြစ်ရန် ဇူအန်သိလေသည်။ လက်ရှိချူအိမ်က အစောင့်ပိုများများ ထည့်ပေးရန်သာ ဆုလောင်းနေလေသည်။ စနိုး သို့မဟုတ် မေချောက်ဖုန်က ဘယ်ချောင်မှ ထွက်လာပြီး သူ့ကိုလာသတ်မလဲ ပြော၍မရပေ။

ဇူအန်က သတိထားနေသော်လည်း ချူဟွမ်ကျောက်က စိတ်ရွှင်နေသည်။ သူက စိတ်ထဲတွင် ဘာမှ ကြာကြာမထားတတ်သော အပူအပင်ကင်းသူတစ်ယောက်ပင်။

"ခဲအို ခဲအို အရင်နေ့က ငွေချိတ်လောင်းကစားဝိုင်းမှာ ပိုက်ဆံအများကြီး ဘယ်လိုနိုင်ခဲ့လဲ ပြောပြပါလား။ ရှင်ဘာမှမပြောခင် အမေက အတင်းဆွဲခေါ်သွားတာ"ချူဟွမ်ကျောက် စပ်စုချင်စိတ်ကြောင်ြ မျက်လုံးများလင်းလာသည်။

"ချူအိမ်က လောင်းကစားလုပ်တာကို တားမြစ်တယ်မဟုတ်ဘူးလား" ဇူအန်မေးလိုက်သည်။
"မင်းဒီကိစ္စတွေ မေးနေတာ မင်းအမေသိရင် ဘယ်လိုလုပ်မလဲ"

"ကျွန်မက မေးရုံမေးတာပါ။ သွားလောင်းမှာမှ မဟုတ်ဘဲ။ ပြီးတော့ အမေက ကျွန်မကို သိပ်လည်း ဂရုမစိုက်ပါဘူး" ချူဟွမ်ကျောက် ဇူအန်လက်မောင်းကို ကိုင်၍ ဆွဲယမ်းနေသည်။
"ခဲအို...ကျွန်မကို ပြောပြပါလား..နော်.."

ဇုအန် လက်မောင်းမှ နူးညံ့သောလက်ဖဝါးတစ်ခုကို ခံစားမိ၍ နှလုံးတစ်ချက်ခုန်သွားသည်။
လိင်မတူတဲ့ လူအချင်းချင်း အကွာအဝေးတစ်ခုခြားရမှာကို ဒီကလေးမမသိတာလား။ ဒါမဖြစ်ဘူး။ နောက်ဆိုရင် ကောင်စုတ်တွေ အသားယူတာမခံရအောင် ငါသေချာဆုံးမထားမှ ဖြစ်မယ်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ