အပိုင်း (၁၀၈၃)

1.2K 39 0
                                    


#Unicode


ဒီလိုအားနည်းတဲ့ ကပ်ဘေးတစ်ခု ကို ငါမကျော်ဖြတ်ချင်ဘူး။

မကြာသေးခင်ကတင် အစစ်အမှန်နတ်ဘုရား ထာဝရမီး က ကျောင်းတော်သားနယ်မြေ ကို ကိုယ်စားပြုပြီး အင်မော်တယ် လှိုဏ်ဂုူ ၁၁ ခုကို ရူဟန် ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်။ ဂျင်နန် မှာ ရှိတဲ့ သာမာန် အင်မော်တယ် ဂူ တစ်ခုကလွဲရင် ကျန်တဲ့ ဆယ်ခုက ရှေးကောင်းကင်ဘုံမြို့ ရဲ့အစိတ်အပိုင်းတွေ ဖြစ်တယ် ။

အခု ကြည့်လိုက်တော့ ရူဟန်ကို ပေးထားတဲ ့ကောင်းကင်ဘုံမြို့အစိတ်အပိုင်းတွေက ချိတ်ဆက်နေတာ ကို သူ မြင်လိုက်ရတယ်။

ထာဝရမီးက ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် လေပေါ်ကို ခုန်တက်လိုက်တယ်။ ပြိးနောက် နေရာတစ်ခုလုံးကို အထက်စီးမှ ကြည့်လိုက်တယ်။

နွေနန်းတော် ၊ ဓား-ဓားမော့ တောင်ကုန်း ၊ သဲကန္တာရ အိုအေစစ် ၊ စိတ်ဝိညာဉ် စမ်းချောင်း ငါးခု နဲ့ ပုံရိပ်ယောင်မြို့ အစိတ်အပိုင်းတွေက ဆက်စပ် တည်ရှိနေတာကို မြင်လိုက်ရတယ်။

ထာဝရမီး က တွေးလိုက်တယ် ။ သူငယ်ချင်းလေး ရူဟန် ဒါတွေကို လုပ်ခဲ့တာလား။

ဒါတင်မကသေးဘဲ လေပေါ်ကို ပျံတက်လိုက်ချိန်မှာ ကမ္ဘာကြီးရဲ့ အစပ် က တဖြည်းဖြည်း ကြီးထွားလာတာကိုပါ မြင်လိုက်ရတယ်။

ကျောင်းတော်သားနယ်မြေရဲ့ ရွှေကြာပန်းကမ္ဘာသခင် ဖြစ်တာကြောင့် အစစ်အမှန် နတ်ဘုရား ထာဝရမီးက ချက်ချင်း ဆိုသလိုပဲ ခန့်မှန်းလိုက်မိတယ်။

သူငယ်ချင်းလေးရူဟန် ဆီမှာ ရွှေကြာပန်း ကမ္ဘာလိုမျိုး ဆင်တူတဲ ့တည်နေရာတစ်ခု ရှိတာပဲ။ ဒါပေမဲ့ အရမ်းသေးငယ်သေးတယ်။

ကမ္ဘာငယ်လေးထဲကို ရှေးကောင်းကင်ဘုံမြို့ အစိတ်အပိုင်းတွေ ထည့်သွင်းထားတယ်။ ဒီလို အကြံဉာဏ် နဲ့ အဓိပ္ပာယ်က တကယ့်ကို ကြီးကျယ်တဲ့ အရာတစ်ခု ပဲ။ သူငယ်ချင်းလေး ရူဟန် က တကယ်ပဲ တော်တယ်။ ထာဝရမီးက လေထဲကနေ ပြန်ဆင်းလိုက်တယ် ။

ကျောင်းတော်သားနယ်မြေ အနေနဲ့ လည်း ရွှေကြာပန်းူ ကမ္ဘာထဲကို ရှေးကောင်းကင်ဘုံမြို့ အစိတ်အပိုင်းတွေ ပို့ရင် ကောင်းမလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now