အပိုင်း (၁၁၈၇)

112 26 0
                                    


#Unicode


ဗဟုသုတ လိုအပ်လာချိန်မှာ အနည်းငယ်တော့ နောင်တရမိတယ်။

တကယ်တော့ ရှောင်ချိုက် ရဲ့မျက်နှာဝန်းဝန်း ခပ်ပြည့်ပြည့် ပုံသဏ္ဍန်ကလည်း ချစ်ဖို့ကောင်းနေတယ်။။

ရူဟန် က လာမီယာ ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်လိုက်တယ် "မြောက်ပိုင်းအင်ပါယာ ပေးတဲ့ကပ်ဘေးကျော်နည်းစနစ် က တကယ်ပဲ စွမ်းအားမြင့်မားတယ်။ ငကြောက်ပုံစံမျိုး ဖြစ်နေတာ တစ်ခု လွဲရင်ပေါ့။"

ဒီအချိန်မှာပဲ အားရှီလျှူ က မျက်မှောင်ကုတ်ကာပြောလိုက်တယ် "လျှို့ဝှက်နည်းစနစ် ဆိုတာမျိးက ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် တန်ပြန်သက်ရောက်စေတဲ့ အကျိုးဆက် မရှိဘဲ အားကောင်းသွားတယ် ဆိုတာ ရှားတယ်။တစ်စုံတစ်ယောက်က ကိုယ့်ရဲ အားအင်အဆင့်ကို ရုတ်တရက် တိုးမြင့်လိုက်တာမို့ အသက်စတေးမှုလို အရာမျိုး ဖြစ်နိုင်တယ်"

ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ နည်းစနစ် ရဲ့ အကာအကွယ် စွမ်းရည်က မယုံနိုင်စရာပါပဲ။ တတိယအဆင့် ဖြစ်တဲ့ ရှောင်ချိုက်က မည်သည့် ကပ်ဘေးကျော် အစီအရင်ကိုမှ သုံးစွဲထားခြင်းမရှိဘူး ဆိုပေမဲ့ ကောင်းကင်ဘုံကပ်ဘေးကို လွယ်လွယ်ကူကူပဲ ခုခံနေနိုင်တယ်။ ဒါကြောင့် ရှီလျှူ ပြောသလိုလည်း ဖြစ်နိုင်တယ်။

ရူဟန်က ပြောလိုက်တယ် "ဒီလိုအမျိုးအစား လျှိူ့ဝှက်နည်းစနစ် ဆိုရင်တောင်မှ အများကြီးမသုံးဘူးဆိုရင် ထိခိုက်မှုလည်း နည်းမယ်မဟုတ်လား။ အထူးသဖြင့် ကပ်ဘေးကျော်နိုင်မယ် ဆိုရင် သေးငယ်တဲ့ တန်ရာတန်ကြေးကို ပေးရမယ် ဆိုရင်တောင်မှ တန်တယ်လေ"

သူက ဒီနည်းစနစ် နဲ့ ပတ်သက်ပြီး အသုံးပြုတာကို နီးနီးကပ်ကပ် ကိုယ်တိုင် အတွေ့အကြုံ ရှိခဲ့တယ်။ အဲတုန်းက အဆင့်မြင့်ရုပ်သေးရဲ့ ကာကွယ်ပေးမှုအောက်မှာ အသက်ခုနှစ်သက် အဆောင်ဆရာ၊ တာအိုဘုန်းကြီး ဟော်ရီဇုံ ၊ ချန်ယွင်ဇီ နဲ သူတိုယ်တိုင်က ဘာဒဏ်ရာမှ မရဘဲ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်နိုင်ခဲ့တယ်လေ။

ကိုယ့်တက်လမ်း့ကို အနည်းငယ်လောက်ဖဲ့ပြီး တန်ကြေးပေးရမယ် ဆိုရင်တောင်မှ အခြေခံကို မထိခိုက်ဘူးဆိုရင် ထိုက်တန်တယ်လို့ ဆိုရမှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now