အပိုင်း (၁၁၄၀)

92 21 0
                                    


#Unicode


လပြည့်ညက ပန်းချီကားတစ်ကားလိုပဲ။ ညကောင်းကင်ကြီးကတော့ ကဗျာတပုဒ်ပေါ့။

စဉ့်နီတုံး ပေါ်က ငါးတစ်ကောင်လို ့ဖြစ်နေတဲ့ ခံစားချက် က ကျောက်ဘီလူးကြိးကို စိတ်ပျက်လက်ပျက် ဖြစ်စေတယ်။ သူ့ခန္ဓာကိုယ်မှာ ကောင်းကင်မီးတောက်တွေ တောက်လောင်နေတယ်။ စွန်းရူဟန် ကသာ အဆင့်ကိုး ကောင်းကင်လောက်ကျွမး်ခြင်း မီးတောက် ဓားမော့ကို သာ ထုတ်သုံးလိုက်မယ်ဆိုရင် သူတကယ် သေပါပြီ။

ရူဟန်က ထပ်မေးလိုက်တယ် "ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓားမော့ ကို အသုံးပြုနိုင်ဖို့ ဘယ်လောက်ကြာအုန်းမလဲ'

အရမ်းကြာမယ်ဆိုရင် သူက ထွက်ပြေးဖို့ပဲ ရွေးချယ်မှာ ဖြစ်တယ်။

မိုးဆွေငှက် ပြုလုပ်ခဲ့တဲ့ ချုပ်နှောင်မှု နည်းစနစ် ပျောက်ကွယ်သွားရင် ကျောက်ဘီလူးကြီးက ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မှာပါ။

အချိန်က လက်ရှိမှာ အရေးကြီးနေတယ်။

ကောငး်ကင်နီဓားက ပြန်ပြောလိုက်တယ် "မင်းတွေးထားတာထက် ကြာမယ်"

သာမာန်သေမျိုးတစ်ယောက်လို လဲလျောင်းနေတဲ့ ကျောက်ဘီလူးကြီးရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။ ပြီးနောက် သူက ကိုယ်ပေါ်က စည်းကို ကြိုးစားပြီး ဖြေလိုက်တယ်။

ရူဟန် "....."

ငါပြေးသင့်လား။

ဒါပေမဲ့ ပြေးတယ်ဆိုတာက သူ့ရဲ့ နောက်ဆုံးဗျူဟာပါ။ တစ်ဖက်လူက အင်မော်တယ် အဆင့်စွမ်းအင်ဖြစ်တာမို့ တည်နေရာကို ဖြတ်သန်းပြီး အတွေးတစ်ချက်နဲ့တင် သူ့ဘေးကို ရောက်လာနိုင်တယ်။

သူက အတွင်းကမ္ဘာ ဒါမှမဟုတ် တူညီတဲ့လျှို့ဝှက်နယ်မြေ မှာ ပုန်းနေမှာသာ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ဘယ်လောက်ပြေးပြေး လွတ်မှာမဟုတ်ပါဘူး။

ရူဟန်က မေးလိုက်တယ် "ဒါနဲ့ တာအိုရောင်းရင်း ကောင်းကင်နီဓား .. မင်း တာအိုဘုန်းကြီး ကောင်းကင်နီကို ဆက်သွယ်လို့ရလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now