အပိုင်း (၁၁၃၇)

91 23 0
                                    

#Unicode


စီနီယာမိုးဆွေငှက် ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ထိပ်ဆုံးကို ကျော်သွားတယ်။

ဒါပေမဲ့လာမီယာက ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓားမော့ကို မသင်ယူခဲ့ရပါဘူး။ သူမ က သိုင်းကွက်ဟန် ကိုပဲ သိရှိတယ်။ သူမ က လက်ကောက်ဝတ်ကို လှည့်ပြီး ဓားကို ယမ်းခါလိုက်တယ်။

ဓားကို လွှဲရမ်းလိုက်တော့ ဓားမော့တိုက်ခိုက်ချက်က သာမာန်ပါပဲ။ အားအင်က အရမ်းကို အားနည်းတယ်။ ကျောက်ဘီလူးကြီးက ရှောင်တောင်မရှောင်တော့ဘဲ ဓားကို ဖျက်ဆီးဖို့ ကြိးစားလိုက်တယ်။

လာမီယာက မျက်စိတွေ ပေကလပ် ပေကလပ် ဖြစ်သွားတယ်။ ပြီးနောက် အကြိမ်အနည်းငယ်ကြာအောင် ကောင်းကင်နီဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်တယ်။ ဒါပေမဲ့ ခုတ်ပိုင်းမှုတွေက သာမာန်ဓားမော့တိုက်ခိုက်မှုတွေပါပဲ။

ကောင်းကင်နီဓားက ဒေါသတကြီး ပြောလိုက်တယ် "မင်းက ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓားမော့ နည်းစနစ်ကို မသင်ထားဘူးလား။ ငါ့ကို ဒီလိုမျိုး ဝှေ့ယမ်းနေလို့ ဘာဖြစ်မှာလဲ။ ဒီလို ထပ်ခါထပ်ခါ ခုတ်မနေခင် ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက် ဓားမော့ နည်းစနစ်ကို သင်ယူသင့်တယ်လေ။"

"ဟားဟား... အခွင့်အရေးကောင်းပဲ။ မင်းတို့နှစ်ယောက်လုံးကို အဆုံးသတ်ပစ်မယ်" ကျောက်ဘီလူးကြီးက အားရပါးရ ရယ်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်က လာမီယာ ရဲ့ဘေးကို ရောက်လာတယ်။ သူက လက်သီးကိုမြှောက်ပြီး မြေဓာတ်နိယာမတွေကို နှိုးဆွထုတ်ဖော်လိုက်တယ်။ ပြီးနောက် လာမီယာ နဲ့ ကောင်းကင်နီဓားတို့ကို ကြမ်းကြမ်းတမ်းတမ်း ထိုးချလိုက်တယ်။

ဒါကို မြင်တော့ ရူဟန်အသွင် ပြောင်းထားတဲ့ လာမီယာက ပါးစပ်ကို ဟပြီး ကောင်းကင်နီဓားကို မြိုချလိုက်တယ်။

ဒါက ဓားကို သူမ ကာကွယ်လိုက်တဲ့ နည်းလမ်းပါပဲ။ ပြီးတော့ ရူဟန်ကို သူမ ကာကွယ်ပေးချိန်မှာ ရစ်ပတ်ပြီး ကာကွယ်ပေးရတာလေ။

ကောင်းကင်နီဓား က ပြောလိုက်တယ် "ရပ်စမ်း.. ရွံစရာကြီး .. မင်း ဓားမျိုချတဲ့ သရုပ်ပြပွဲ လုပ်နေတာလား။ ငါတို့ ဘယ်နေရာကို ရောက်နေတယ် ထင်လို့လဲ"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Wo Geschichten leben. Entdecke jetzt