အပိုင်း (၁၁၈၄)

98 26 0
                                    

#Zawgyi


ငါ ကပ်ဘေးကျော်ရတော့မယ်။ ငါ သေတော့မယ်။

ရူဟန်က နည်းနည်းရှက်သွားတယ်။ အရွယ်ရောက်ပြီးနောက်ပိုင်း သူများ ခွွံ့ကျွေးတာကို မစားဖူး ဘူးလေ။

ပြီးတော့ အခုက လူမြင်ကွင်းကြီးမှာ ဖြစ်တယ်။

ထပ်ပြောရရင် တခြားသူခွံ့ကျွေးတာ ဆိုရင်တောင်မှ အဆင်ပြေပါသေးတယ်။ ရှီလျှူ ခွံ့ကျွေးတာက တခြားသူတွေကို အထင်မှားစေနိုင်တယ် မဟုတ်လား။

ရှီလျှူ က ပြောလိုက်တယ် "မင်းမစားချင်ဘူးလား" ပြောပြီးတဲ့နောက် သူမက ဇွန်းကို ရုတ်တရက် ကိုယ့်ပါးစပ်ထဲ ကိုယ်ထည့်လိုက်တယ်။

ရူဟန် "......."

ရှီလျှူ .. မင်းငါ့ကို ခွံ့ကျွေးချင်တယ် ဆိုရင် အရင်ဆုံး ငါ့ပါးစပ်ကို ချိန်ဖို့ အချိန်ပေးအုန်းလေ။

ရူဟန်က ခေါင်းမော့ပြီး ရှီလျှူ့ကို ကြည့်လိုက်တယ်။ ပြီးနောက် သူမ မျက်နှာ နီမြန်းနေတာကို သတိပြုမိလိုက်တယ်။ သူမ က ရှက်ရွံနေချိန်မှ ပိုလှတယ်။ တစ်ယောက် နဲ့ တစ်ယောက် နီးကပ်နေတာကြောင့် သူမ ဆီက ကိုယ်သင်းနံ့အပြင် ကြည်လင်သလင် စွပ်ပြုတ် ဆီမှ အမွှေးနံ့ တို့က သူ့နှာခေါင်းထဲကို ဝင်လာတယ်။

မွှေးလိုက်တာ။

ရူဟန်က ပြောလိုက်တယ် "အင်း.. ငါစားချင်တယ်။"

ဒီအချိန်မှာ သူပြောချင်တာက ငါ့ခါးက ဖိခံထားရတယ် ဆိုပေမဲ့ ငါ့လက်တွေကတော့ အားနေတယ် ၊ ကိုယ့်ဘာသာ စားမယ် လို့ပါ။

ဒါပေမဲ့ ရှီလျှူ ရှက်နေတာကိုမြင်တော့ ရူဟန် ရဲ့ နှလုံးခုန်နှုန်းက မြန်ဆန်သွားတယ်။ ဒါကြောင့် ပြောမယ့် စကားတွေကို မျိုချလိုက်တယ်။

ရှီလျှျ က ပြုံးလိုက်တယ်။ ပြီးနောက် စွပ်ပြုတ်ကို တစ်ဇွန်းခပ်ပြီး အေးသွားအောင် အရင်မှုတ်လိုက်တယ်။

"အင့် ..." ရှီလျှူက ဇွန်းကို ရူဟန် ပါးစပ် ဆီ တည့်ပေးလိုက်တယ်။

ဒီလိုခွံ့ကျွေးတာမျိုးကို သူမ ပထမဆုံး ပြုလုပ်ဖူးခြင်း ဖြစ်တယ်။ ဒါကြောင့် ဇွန်းက နှုတ်ခမ်းပေါ်ရောက်တာနဲ့ ပါးစပ်ထဲ အတင်းလောင်းထည့်လိုက်မိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now