#Unicode
စွန်းတစ် နဲ့ ငဒူစွန်း ...။
" ဘယ်လိုလဲ။. စိတ်ဝင်စားစရာပဲ . ဟုတ်ပြီလား" ယုကျောင်းကျောင်း ရဲ ့အသံက ရူဟန် နားထဲကို တိုးဝင်လာတယ်။
ရူဟန် "......"
ယုကျောင်းကျောင်း "ငါ ဒီပလက်ပြားကို တစ်ခါတရံ စိုက်ကြည့်မိတယ်။ ဒီစာကြောင်းတွေက ရုတ်တရက် ငါ့မျက်စိရှေ့ကို ပေါ်လာတယ် ငါ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးပြီး ပလက်ပြားရဲ ညာဘက်ထောင့် ကနေ ကြည့်ရင် ဒါကို သေချာမြင်ရတယ်။ ဒါက တိုင်ဆိုင်တာလို့တော့ မထင်ဘူးမဟုတ်လား။. တာအိုရောင်းရင်းစွနး်တစ်"
ရူဟန်က ပြန်ပြောလိုက်တယ် "ငါ့ရဲ ့ကံကြမ္မာပြပွဲ ပြီးကတည်း က ငါ့တာအိုနာမည်က ဗိုလ်ကျသူစွနး် ဖြစ်သွားခဲ့ပြီ။"
.. နဂါးဘုရင်နန်းတော်မှာ ရှိတဲ့ ပလက်ပြားပေါ်ရှိစာ က ရှေးခေတ်ကနေ လက်ရှိခေတ်ထိ တည်ရှိနေတာပါ။. ဆိုလိုရရင် များပြားလှတဲ့ နဂါးတွေ ၊ ကလေးတွေ ၊ မြေးတွေက ဒီစာကို မြင်ဖူးကြမှာ ဖြစ်တယ်။
ချီးတဲ့မှ . အနာဂတ်မှာ ဘာမှန်းသေချာမသိတဲ့ နဂါးကလေးတွေ၊ နဂါးမြေးလေး တွေနဲ့ ငါ တွေ့ရင် ဝိုင်းချုပ်ပြီး ပြာနှမ်းနေအောင် ဝိုင်းရိုက်ကြမှာမလား။
"ဟားဟား." ယုကျောင်းကျောင်းက ချိုသာစွာ ရယ်လိုက်တယ်။
ရူဟန်က ပလက်ပြားကို စိုက်ကြည့်နေတယ်။ ညာဘက်အောက်ခြေထောင့် နေရာကို စိုက်ကြည့်မိတော့ သူ့မျက်လုံးထဲမှာ စာသားတွေ ပြန်ပေါ်လာတယ်။ [သွားသေလိုက်စမ်း .. အရူးစွန်းတစ် × တစ်သောင်း]
ဒီစာတွေက ရှေးဘာသာစကားနဲ့ ရေးသားထားတာ ဖြစ်တယ်။ စာသားရဲ ပိုင်ရှင်က ထူးဆန်းတဲ ့နည်းလမ်းတွေကို အသုံးပြုထားတာကြောင့် မြင်တဲ့သူက ချက်ချင်းပဲ ဆိုလိုရင်းကို နားလည်ကြတယ်။
ဒီစာသားက ကျိန်စာမဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်းကြားမှာ စနောက်သလိုမျိုးနဲ့ ဆင်တူတယ်။ ဒါပေမဲ့ အားကောင်းတဲ့ ရန်ငြိုးတွေလည်း ပါဝင်နေပြန်သေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့စာသားမျိုး ထုတ်ရေးရလောက်အောင် စွန်းတစ်က တစ်ဖက်လူကို ဘာတွေလုပ်ခဲ့တာလဲ။