အပိုင်း (၁၁၄၁)

93 19 0
                                    


#Unicode


တွေ့ဆုံဖို့ ကြမ္မာရေစက်။

"ဒီလောက်နောက်ကျသွားလိမ့်မယ်လို့ ငါမထင်မိဘူး" ရူဟန်က ပြောလိုက်တယ်။ ပုံမှန်အရဆိုရင် ရူဟန်က ကြက်သွန်လေးကို မွေးရပ်မြေဆီ ခေါ်သွားမယ်။ ပြီးရင်လျှို့ဝှက်ချက်တွေကို မြန်မြန်ရှာဖွေမယ်။ စောသေးတယ်ဆိုရင် ဝန်ကျန်း ကို ပြန်ပြိး သူမိဘတွေနဲ့ အတူ နွေဦးအလယ်ပွဲတော် ကို ကျော်ဖြတ်မယ်လို့ စဉ်းစားထားတာ ဖြစ်တယ်။

ဆိုးတာက လူတွေရဲ့ အစီအစဉ် က ကောင်းကင်ဘုံရဲ့ အစီအစဉ် ကို မကျော်လွန်နိုင်ပါဘူး။

သူတို့တောင်ပေါ်ရှိ အတားအဆီးကနေ ထွက်လာချိန်မှာတော့ ကောင်းကင်တစ်ခုလုံးက ကြယ်တွေပြည့်နေပြီး လပြည့်ဝန်းကြီးက ထိန်ထိန်သာနေတယ်။ တော်တော်ကြီးကို ညနက်နေတယ်။

ရူဟန်က မေးလိုက်တယ် "ရှီလျှူ .. ရှစ် .. မင်းတို့ နွေဦးအလယ်ပွဲတော်မှာ အိမ်ပြန်လေ့ရှိလား။"

ရှီလျှူက ခေါင်းကို ယမ်းခါလိုက်တယ် "ကျင့်ကြံသူတွေရဲ့ သက်တမ်းက အရမ်းကို ရှည်လျားတယ်။ သာမာန်လူတွေကျင်းပတဲ့ ပွဲတော်အသေးလေးတွေကို ငါတို့က နှစ်တိုင်း ကျင်းပ စရာမလိုဘူးလေ။

ရှစ်က ဝင်ပြောလိုက်တယ် "ငါလည်း တူတူပဲ"

ရူဟန် က ပြောလိုက်တယ် "အင်း.. ဟုတ်တာပေါ့"

ပြီးနောက် သူက ခေါင်းလှည့်ပြီး လာမီယာကို ကြည်လိုက်တယ်။

ကြက်သွန်လေး အကြောင်း စဉ်းစားမိတော့ သူ့စိတ်ထဲမှာ ပြဿနာတစ်ခု ပေါ်လာတယ်။

ရူဟန်က မေးလိုက်တယ် "တာအိုရောင်းရင်း ကောင်းကင်နီဓား .. ကြက်သွေးရောင်ကျောက် ကို ဘယ်လိုနေရာမှာ သုံးရတာလဲ။"

ဒီကျောက်ကို သူ့အတွင်းကမ္ဘာထဲမှာ သိမ်းဆည်းထားတာ ဖြစ်တယ်။

ဒီအရာရဲ့အပူချိန်က အရမ်းမြင့်မားတာကြောင့် ကြက်သွန်လေးက လွဲရင် ဘယ်သူမှ အနားကပ်လို့ မရပါဘူး။

ဒီအချိန်မှာပဲ အတွင်းကမ္ဘာထဲမှာ ရှိနေတဲ့ ကြက်သွန်လေး က ကြက်သွေးရောင်ကျောက် ကို ကိုင်ပြီး အပြင်ထွက်မလာတော့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora