အပိုင်း (၁၁၂၁)

111 28 0
                                    


#Unicode


အပန်းဖြေခရီးသွားချင်နေတဲ့ ကြက်သွန်လေး။

ထာဝရမီး "....."

ခဏလောက်ကြာတော့ ထာဝရမီးက ပြန်ပြောလိုက်တယ် "အင်း .. ငါတို့ ကျောင်းတော်သားနယ်မြေမှာ နတ်ဘုရားသားရဲဌာန နဲ ့ပတ်သက်နေတဲ့ ကောင်းကင်ဘုံမြို့ အစိတ်အပိုင်းတွေ ရှိတယ်။ ဒါပေမဲ့ သုတေသန ပြုလုပ်ရလောက်အောင် မထိုက်တန်ခဲ့ဘူး"

ရူဟန်က စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "ဘာကြောင့်လဲ'

ထာဝရမီးက မှုန်တေတေ နဲ့ ပြောလိုက်တယ် "ဒီအစိတ်အပိုင်းက နတ်ဘုရားသားရဲဌာန ရဲ့ မိလ္လာကန်ကြီးပဲ"

ရူဟန် "......."

မိလ္လာကန်ကြီးလား ... ။

ရှေးကောင်းကင်ဘုံမြို့မှာ မစားဘဲနေလို့ ရလောက်အောင် လုံလောက်တဲ့ စွမ်းအင်အဆင့် မရှိသေးတဲ ့ကျင့်ကြံသူ တစ်ချို့့လည်း ရှိနေနိုင်တယ်လေ။ ဒါကြောင့် မိလ္လာကန် လို အရာမျိုး တည်ရှိနေတယ် ဆိုတာအံသြစရာတော ့မဟုတ်ပါဘူး။

သာမာန်လူတွေ ရဲ့ အတွေးထဲမှာ လှပတဲ့ နတ်မိမယ်လေးတွေ ၊ မိုးကောင်းကင် ရဲ့ သက်ရှိတွေဟာ အိမ်သာ တက်စရာမလိုဘူးလို့ ထင်မှတ်စရာပါပဲ။ ဒါပေမဲ့ ရှေးကောငး်ကင်ဘုံမြို့ရဲ့ တစ်ချို့သော အဖွဲ့ဝင်တွေက တော့ သဘာဝ ရဲ့ ပြဿနာကို ဖြေရှင်းပြီးသား အဆင့်ကို မရောက်နိုင်ကြသေးပါဘူး။

ဒီအချိန်မှာပဲ ထာဝရမီးက ထပ်ပြောလိုက်တယ် "ဒါက စိတ်ဝိညာဉ်သားရဲတွေ ရဲ့ မစင်တွေ ကို ထိန်းသိမ်းတဲဲ့ ကြီးမားတဲ့ မိလ္လာကန်ကြီးပဲ။ တကယ့်ကို ရူးလောက်တယ်။ နတ်ဘုရားသားရဲ ဌာန က ကောင်တွေက ဦးနှောက်မှာ မူလီလွတ်နေသလား မသိ်ဘူး။ မိလ္လာကန် ကို နန်းတော်ကြီးထက် ပိုပြီး ကြည့်ကောင်းအောင် တည်ဆောက်ထားကြတယ်။ ငါတို့ ကျောင်းတော်သားနယ်မြေက ဒီအစိတ်အပိုင်းကို ရဖို့ မိစ္ဆာစိမ်းဂိုဏ်း ဆီကနေ ကြီးမားတဲ့တန်ကြေးနဲ့ ပေးဝယ်ခဲ့ရတာ။ နန်းတော်ထဲကို ဝင်လိုက်တော့ ချီးတွေပဲ တွေ့တယ်။"

ထာဝရမီးကလည်း ဒီပုံပြင်ကို ကျောင်းတော်သားနယ်မြေ ရဲ့ မှတ်တမ်းတွေထဲမှာ မြင်ဖူးခဲ့တာ ဖြစ်တယ် ။ကျောင်းတော်သားတွေက မိလ္လာကန် နန်းတော်ကြီးထဲကို အပြေးအလွှားဝင်ရောက်သွားချိန်မှာ ချီးတွေကို ရှာတွေ့တယ် ဆိုတဲ့ မြင်ကွင်းကို ရူဟန် က မြင်ယောင်ကြည့်လိုက်တယ်။ သူတို့ ဘယ်လောက်တောင် အသည်းနာနေလိမ့်မလဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora