အပိုင်း (၁၁၇၃)

103 23 0
                                    


#Unicode


တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း အစားအစာ။

စီနီယာအဖြူ ရဲ့သင်ခန်းစာ က တဖြည်းဖြည်း သိသာလာတယ်။ စီနီယာအဖြူ ရဲ မိန့်ခွန်းဆီမှ ဖွက်ထားတဲ့ အကျိုးကျေးဇူး တွေကို ကျင့်ကြံသူတွေက ပိုပိုပြီး သတိထားမိလာကြတယ်။

အပြင်ပိုင်းမှာတောာ့ သူတော်စင်အဖြူ က ထော်လာဂျီပြိုင်ပွဲ အကြောင်း ပြောနေတာဖြစ်တယ်။ ဒါပေမဲ့ တကယ့်အတွင်းဘက်မှာတော့ အစီအရင် ၊ မှော်သင်္ကေတ ဖန်တီးခြင်း ၊ လက်နက် သန့်စင်ခြင်း စတဲ့ဗဟုသုတတွေနဲ့ ပြည့်စုံနေတယ်။ မိန့်ခွန်းတစ်ခုလုံးမှာ လိုအပ်တဲ့ သိသင့်သိထိုက်တာတွေကို ကိုယ်တိုင်အလုံးစုံ နားလည်သွားစေတယ်။

ထပ်ပြောရင် ဒီလိုကြောင့်ပဲ ထော်လာဂျီ ပြိုင်ပွဲ အကြောင်းနားထောင်ရတယ်ဆိုပေမဲ့ တစ်ယောက်မှ နားထောင်ရတာ မငြီးငွေ့သွားကြပါဘူး။

ဒါက ကလေးတွေ ပုံပြင်နားထောင်သလိုပါပဲ။ နားထောင်ရင်းကနေ အသိပညာ၊ ဗဟသုတ တွေ ရရှိတာ မျိုးပါ။

ဒါကြောင့်ပဲ စကြာဝဋ္ဌာတစ်ခုလုံးမှာ ရှိတဲ့ကျင့်ကြံသူတွေက အားတက်တရော နားထောင်နေကြတယ်။

ပြီးနောက် သူတော်စင် ဗိုလ်ကျသူစွန်း မိန့်ခွန်းပြောသလိုပဲ သူတော်စင်အဖြူ ရဲ့ မိန့်ခွန်းက တဖြည်းဖြည်း နဲ့ တော်ဝင်လမ်းဆီကို ဦးတည်လာတယ်။ မင်္ဂလာတိမ်တိုက်တွေ ၊ စိတ်ဝိညာဉ်ပန်းတွေ ၊ က သူတော်စင်အဖြူ ဘေးမှာ ပေါ်လာတယ်။

သူတော်စင်အဖြူ ရဲ့ မိန့်ခွန်းအဆုံးသတ်ခါနီးမှာတော့ တော်ဝင်လမ်းရဲ့ သဘာဝဖြစ်စဉ်တွေ က တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတယ်။

နဂါးတံခါးကနေ သဘာဝလွန်ဖြစ်စဉ်တွေ ထွက်ပေါ်လာတယ်။ မိုင်သောင်းနဲ့ချီတဲ့ တည်နေရာ တစ်ခုလုံးကို ခရမ်းရောင်မြူနှင်းတွေက ဖုံးလွှမ်းသွားတယ်။ ကောင်းကင်မှာ ဦးချိုပါတဲ့ ဒဏ္ဍာရီထဲက မြင်းသတ္တဝါတွေက ပျံသန်းနေတယ်။ စိတ်ဝိညာဉ်မြေခွေးတွေက စုဝေးပြီး နေလုံးကြီးကို ကိုးကွယ် ဦးညွှတ်နေကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Waar verhalen tot leven komen. Ontdek het nu