အပိုင်း (၁၁၄၅)

110 25 0
                                    


#Unicode


စွန်း သောက်ရမ်းလန်း ရူဟန်။

ရူဟန်က ဒီအချိန်မှာတော့ အတွေးနယ်ကျွံနေတယ်။

သူက ပျော်ရွှင်နေတာပဲ ဖြစ်တယ်။ သူတော်စင် ကျောက်ဖရုံကို အနိုင်လိုက်ရ့ုံတင်မကဘဲ စီနီယာထရွင်ဂန် ရဲ့ ကျိန်စာကိုပါ ဖောက်ဖျက်နိုင်ခဲ့ပါပြီ။

စီနီယာ ထရွင်ဂန် ဟောခဲ့တဲ့ ဟောကိန်းအရဆိုရင် သူတော်စင်ကျောက်ဖရုံကို သူက အနိုင်ယူပြီး ပြာနှမ်းနေအောင် ရိုက်မှာပါ။ ပြီးတော့ ဒီကိစ္စက ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ပြန့်နှံ့သွားအုန်းမှာ ဖြစ်တယ်။

.. သို့ပေမဲ့ စီနီယာထရွင်ဂန် ရဲ့ဟောကိန်းဆိုတာနဲ့ ပြောင်းပြန်ကောက်မယ်ဆိုတာကို အားလုံးက သိပြီးသားပါ။

ဒါပေမဲ့အခု စီနီယာထရွင်ဂန် ဟောကိန်းအတိုင်း သူက သူတော်စင်ကျောက်ဖရုံကို အနိုင်ယူခဲ့ပြီ ဖြစ်တယ်။

သူတော်စင်ကျောက်ဖရုံကို ပြာနှမ်းနေအောင် မရိုက်နှက်ခဲ့ဘူး ဆိုပေမဲ့ သူ နိုင်ခဲ့ပါတယ်။ ပြတ်ပြတ်သားသား နိုင်ခဲ့ တာဖြစ်တယ်။

တိုက်ပွဲက ပြီးခါနီးနေပါပြီ။ သူတော်စင်ကျောက်ဖရုံက သူ့ကို ရိုက်နှက်နိုင်တော့မှာ မဟုတ်ပါဘူး။

သောက်တလွဲ ဗေဒင်ဆရာ အဖြစ် နာမည်ကျော်ကြားတဲ့စီနီယာ ထရွင်ဂန် ရဲ့ဟောကိန်းက လွဲမှားခဲ့ပြီ ဖြစ်တယ်။

[ဒီနေ့ကစပြီး ငါ့ကို စီ်နီယာထရွင်ဂန် ရဲ့ ဟောကိန်း အပြီးသတ်သူဖြစ်တဲ့ စွန်း သောက်ရမ်းလန်း ရူဟန် လို့ ခေါ်ကြတော့] ရူဟန် က အတွေးနက်နေတယ်။

အတွေးနက်နေတုန်းမှာပဲ ရုတ်တရက် ဆိုးရွားတဲ့ အခြေအနေကို အာရုံရလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရှီလျှူ ၊ ရှစ် ၊ ရှောင်ချိုက်နဲ့ သတင်းထောက်တွေ အားလုံးရဲ့ အော်ဟစ်သံ က ထွက်ပေါ်လာတယ်။

ရူဟန်က ခေါင်းလှည့်ကြည့်လိုက်တယ်။ ပြီးနောက် သံခံတပ်ဆီမှ အပိုင်းအစ တွေက သူ့ဆီကို လွင့်စင်လာကြောင်း မြင်လိုက်ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora