အပိုင်း (၁၁၆၄)

96 28 0
                                    


#Unicode


ကိုယ့်ဘာသာ တိုက်ခိုက်တော့ ဝေလငါးဝကြီး ပုံရိပ်ယောင် အမြူတေရေ ...။

ရူဟန်က စိတ်တွေလှုပ်ရှားသွားတယ်။

သူ့ရဲ့ ပုံရိပ်ယောင် အမြူတေ သန္ဓေပြောင်းတာကတင် တော်တော်ကြီးကို စိတ်ပူစရာကောင်းနေ ပါပြီ။ အင်မော်တယ် အရိုးကသာ သန္ဓေပြောင်းသွားမယ်ဆိုရင် သူက ပူပန်စရာ နှစ်ခု ဖြစ်သွားပါလိမ့်မယ်။

ထပ်ပြောရရင် တကယ်တန်း သန္ဓေပြောင်းသွားခဲ့တယ် ဆိုရင် အဆင့်ငါးတက်ရောက်ရာမှာ သက်ရောက်မှုတွေ ရှိနိုင်မလား။ အင်မော်တယ်အရိုးဆိုတာ နောက်စရာ မဟုတ်ပါဘူး။ အဆင့်ငါးကို တက်ရောက်နိုင်ဖို့ ဒုက္ခဖြစ်မယ်ဆိုရင် သူ လှိမ့်လှိမ့်ပြီး အော်ငိုနေမှာ ဖြစ်တယ်။

ပုံသဏ္ဍာန်ကြည့်ဆိုးလှတာပဲဖြစ်ဖြစ်၊လူသားအရိုးနဲ့ မတူတာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အခြေခံလုပ်ဆောင်နိုင်မှုကို မထိခိုက်မှ ဖြစ်မယ် ။ကျေးဇူးပြုပြီး ငါ့အင်မော်တယ်အရိုးက မိစ္ဆာာအရိုးတော့မဖြစိပါစေနဲ့။ ရူဟန်က စိတ်ထဲကနေ ကြိတ်ပြီး ဆုတောင်းလိုက်တယ်။

နောက်ဆုံးမှာတော့ အင်မော်တယ်အရိုးက အသွင်ဖြစ်တည်လာပြီ ဖြစ်တယ်။

ကွေးကောက်ကောက် အင်မော်တယ်အရိုးက ကြီးမားတဲ့ဝေလအရိုး နဲ့ နည်းနည်းတူတယ်။ ဒါပေမဲ့ အရိုးက နည်းနည်းပြားတယ်။

ကံကောင်းစွာနဲ့ပဲ အရိုးဆိုတဲ့ နာမည်နဲ့ လိုက်တဲ့ အဆင်းသဏ္ဍာန်မျိုး တည်ရှိနေပါသေးတယ်။

ကောင်းပြီ။ ဝေလအရိုးဆိုတော့ လည်း အဆင်ပြေတာပဲ။ ငါ့ရဲ ပုံရိပ်ယောင် အမြူတေ က ဝေလငါးဝကြီး ဖြစ်နေမှတော့ အင်မော်တယ်အရိုးက ဝေလငါး အရိုးဖြစ်တာ ဆန်းတော့ မဆန်းဘူး။

ဒါပေမဲ့ ပုံပန်းသဏ္ဍာန်က သေချာကြည့်မယ်ဆိုရင် ဓားမော့နဲ့လည်း နည်းနည်းဆင်တယ်။

ငါအမြင်မှားတာပဲ ဖြစ်ရမယ်။ အင်မော်တယ်အရိုးလေ ။ ဓားမော့အရိုးမှ မဟုတ်တာ။ ဘယ်လိုဖြစ်ပြီး ဓားမော့နဲ့ တူရတာလဲ။ ရူဟန် က စိတ်ထဲကနေ ကိုယ့်ဘာသာ ဖြေသိမ့်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Où les histoires vivent. Découvrez maintenant