အပိုင်း (၁၁၆၈)

102 21 0
                                    


#Unicode


အကြီးဆုံးသေလမ်းရှာသူ နဲ့ ဝေလခြောက်။

ကြီးမြတ်တဲ့အဖြူ က ပြန်ပြောလိုက်တယ် [ဆံပင် ... ငါ့ ဆံပင်နဲ့ ပတ်သက်ပြီး သူတို့က ဘာလုပ်ချင်လို့လဲ]

ရူဟန်က ပြန်ဖြေခါနီးမှာပဲ မေးစေ့ကို ကိုင်ကာ အတွေးနက်နေတယ်။ ကြည့်ရတာ စီနီယာအဖြူက ဆံပင်နဲ့ ပတ်သက်ပြီး အရမ်းအာရုံခံစားလွယ်ပုံပေါ်တယ်။ ငါက နှင်းဒေါင်ဖန်းမေးသလိုမျိုး ဆံပင်တွေ ခါးလောက်ရောက်ပြီလား ဆိုတဲ့ မေးခွန်းကို တိုက်ရိုက်မမေးတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါက တကယ်ပဲ သေလမ်းရှာတာ ဖြစ်သွားမယ်။

သူကတွေးနေတုန်းမှာပဲ ဘောလီလောပုတ်ခြင်း အနုပညာကို ထုတ်သုံးလိုက်တယ် [အခု .. စီနီယာ လိုင်ချီး နဲ့ အခြား မိန်းကလေး တွေက ဆံပင်ရဲ့ ကောင်းခြင်း ကို ပြောနေကြတာ။ ပြီးတော့ စီနီယာအဖြူ့ အကြောင်းရောက်သွားရော။. အဲမှာပဲ မင်းဆံပင်တွေ ဘယ်ထိ ရှည်ပြီလဲဆိုတာကို နှင်းဒေါင်ဖန်းကို သိချင်သွားတယ်။]

ကြီးမြတ်တဲ့အဖြူ က ပြန်ပြောလိုက်တယ် [အွန်း .. ငါက သေချာဂရုမပြုမိဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားတွေ က အရမ်းအားကောင်းတာမလို့ ငါဆံပင်တွေ နည်းနည်း ပျက်ဆီးသွားခဲ့တယ်။နောက်ကျလောက်တော့ ရှိမယ်ထင်တယ်။ ဒီထက်တိုအောင် ညှပ်အုန်းမှာ]

ရူဟန် က ပြန်ပြောလိုက်တယ် [ဘာ.. နောက်ကျောထိပဲလား။ ခဏလောက်နေရင် ပြန်ရှည်လာမှာပေါ့]

... အရမ်းကို အန္တရာယ်များတယ်။ သူက ဆံပင်တွေ ခါးလောက်ရှည်တော့မှာပေါ့လို့ ရေးမိတော့မလို့ပါပဲ။

ကံကောင်းစွာနဲ့ ပဲ လက်ကို မနည်း ထိန်းလိုက်နိုင်တယ်။

မထိန်းနိုင်ရင် ကြီးမြတ်တဲ့အဖြူ ထွက်လာတာနဲ့ သူ့ကို အကောင်းဆုံး နှုတ်ဆက်တော့မှာပါ။ ဥပမာအားဖြင့် ရှုပ်ထွေးလှတဲ့ စည်းနည်းစနစ်တွေနဲ့ ခန္ဓာကိုယ်မှာ ချည်နှောင်ပြီး မီတာ တစ်သောင်းအမြင့်ကနေ ပစ်ချတာမျိုး ၊ အင်္ဂါဂြိုလ်ထိ ပစ်တင်လိုက်တာမျိုးပေါ့။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora