အပိုင်း (၁၁၉၆)

93 26 0
                                    


#Unicode


ဒီလျှို့ဝှက်နည်းစနစ် က တကယ်ပဲ ငဒူစွန်း လုပ်ခဲ့တာလား။

အစိမ်းရောင် ပင်လယ်လိပ်က နောက်ဆုံးမှာ ရောက်လာခဲ့ပါပြီ။

မြောက်ပိုင်းအင်ပါယာ က ထွက်ခွာသွားချိန်မှာ ရူဟန်ကို ကူညီပြိး ဆေးပစ္စည်းရှာဖို့ ၊ ဆေးဖော်ပေးဖို့ ပင်လယ်လိပ်ကို လွှတ်လိုက်မယ်လို့ ပြောခဲ့တယ်။

အခု ပင်လယ်လိပ်က ရူဟန် ရဲ့ တည်နေရာကို အမှတ်အသားပြုပြိး တည်နေရာကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့ပါပြီ။

အချိန်ကိုက်ရောက်လာမှုက တော်တော်ဆိုးလှတယ်။

လိပ်က ထွက်ထွက်လာချင်းမှာပဲ ရူဟန် ကောင်းကင်ပေါ်က ခုန်ဆင်းပြီး အရှက်မဲ့လှတဲ့ စကားလုံးတွေကို ရွတ်ဖတ်နေတာ ကြားလိုက်၊ မြင်လိုက်ရတယ်။

အစိမ်းရောင်ပင်လယ်လိပ် က မေးလိုက်တယ် "ကောင်းကင်ဘုံ ... သူငယ်ချင်းလေးစွန်း .. မင်းဘာလုပ်နေတာလဲ"

ရူဟန် "......."

ရှက်စရာပဲ.။

ငါသူ့ကို နှုတ်ပိတ်လိုက်ရမလား။ ဒီတစ်ကြိမ်မှာ သောက်လိပ်ကို သတ်ပြီး နှုတ်ပိတ်ဖို့ လိုအပ်နေပြီ။

ကြည့်ရတာ ရူဟန်က တစ်စုံတစ်ခုကို မေ့နေပုံပေါ်တယ်။

သူ့နှုတ်ပိတ်မယ့်သူက သူ့ထက် အားကောင်းနေရင် ဘယ်လိုလုပ်မလဲ။ သူ တကယ်ပဲ နှုတ်ပိတ်နိုင်မှာလား ဆိုတာပါပဲ။

မြောက်ပိုင်းအင်ပါယာ ရဲ့ စကားအရဆိုရင် ကောင်းကင်ကြီးကို မော့ကြည့်တတ်တဲ့ ဒီလိပ် က အဆင့်ကိုး ကပ်ဘေးလွန်အဆင့် ဖြစ်လိမ့်မယ်။ ပြီးတော့ ရှေးကောင်းကင်ဘုံမြို့ ခေတ် ကတည်းက နေထိုင်ခဲ့တဲ့ လိပ်အိုကြီးလည်း ဖြစ်တယ်လေ။

ဒါပေမဲ့ မြောက်ပိုင်အင်ပါယာ ထွက်ခွာမသွားခင်မှာ မတော်တဆ ကိစ္စတွေ ဖြစ်ပေါ်မလာအောင် လိပ်ကို အဆင့် စည်းခတ်ထားမယ်လို့ ပြောခဲ့တယ် မဟုတ်လား။

ဒါဆို ....

ရူဟန် ရဲ မျက်လုံးတွေက လိပ်ကြီးပေါ်ကို စူးစိုက်ကြည့်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora