အပိုင်း (၁၁၉၈)

96 27 0
                                    


#Unicode


နာကျင်နေသော ဗုဒ္ဒလက် သစ်သီး။

သူက အဆင့်လေးကို ရောက်ပြီးပြီ ဖြစ်တာကြောင့် များများအိပ်ဖို့ မလိုအပ်ပါဘူး။ လပေါင်းများစွာ မအိပ်ရင်တောင်မှ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အများဆုံး ဆေးဆရာလိုမျိုး မျက်လုံးမှာ အမဲရောင်အဝိုင်းကြီးပေါ်ပြီး မျက်တွင်းတွေ ချိုင့်ရုံလောက်ပါပဲ။

သူ့အတွက် အိပ်တယ်ဆိုတာထက်ပိုတဲ့ အဓိပ္ပာယ်တွေ ရှိတယ်။ အိပ်နေတုန်းမှာ အစစ်အမှန်ယုံကြည်မှု တန်ခိုးကျင့်စဉ်ကို အသက်သွင်းထားလို့ရတယ်လေ။ ဒါဆိုရင်အချိန်ဖြုန်းသလို မဖြစ်တော့ပါဘူး။

ဒါပေမဲ့ ဒီညမှာတော့ သူမျက်စိမှိတ်လိုက်တာနဲ့ တပြိုင်နက် မျက်လုံးထဲမှာ {မွန်းစတားတို့ တတ်ကျွမ်းသင့်သည့် စွမ်းရည် ၂၀၀} ရဲ့ ရှက်စရာ လှုပ်ရှားမှုတွေကို ပြန်လည် မြင်ယောင်နေတယ်။

"သေစမ်း သေစမ်း .. သွားသေစမ်း" ရူဟန်က သူ့မျက်နှာကို ပွတ်လိုက်တယ်။

ဘာလို့ဒီ ရှက်စရာမှတ်ဉာဏ်တွေက အားကောင်းနေရတာလဲ။

သူက အိပ်လို့မရတာကြောင့် နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကိုသာ အာရုံတက်သည်အထိ လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အပြင်ဘက်ကောင်းကင်ကြီးက တောက်ပလာတော့ သူ အိပ်ရာပေါ်ကနေ ထလိုက်တယ်။

ပြီးနောက် စာရွက်တစ်ရွက်ကို ယူပြီး ကောင်းကင်နဲ့မြေကြီး ဝတ်ပြုခြင်း စုတ်တံ နဲ့ လေ့ကျင့်လိုက်တယ်။

ပထမဆုံး သမာဓိ ခန္ဓာကိုယ် ကြံခိုင်ခြင်း ကဗျာကို ရေးလိုက်တယ်။ ဗုဒ္ဒရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် ကျင့်စဉ်က အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုး ထိရောက်အောင် လေ့ကျင့်လို့ ရနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ပြီးတော့ ဒါက သူတော်စင်ကျောင်းတော်သား ကိုယ်တိုင် ဖန်တီးခဲ့တဲ့ နည်းစနစ် တစ်ခုဖြစ်တယ်။

ပြီးနောက် သူက ဓားမော့နည်းစနစ် နဲ့ ခန္ဓာကိုယ်နည်းစနစ် မျိုးစုံကို လေ့ကျင့်လိုက်တယ်။ ပြီးတော့ စီနီယာအဖြူ သင်ပေးထားတဲ့ မှော်နည်းစနစ် အသေး တစ်ချို့ကို ထပ်ပြီး လေ့ကျင့်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now