အပိုင်း (၁၂၁၆)

76 21 0
                                    




သမီးတွေက အချိန်တန်ရင် ကြီးပြင်းလာရတာပဲ။

ခန်းမသခင်ချူ က သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "စိတ်အေးအေးထား၊ စိတ်အေးအေးထား။ အချိန်တွေ တော်တော်ကြာခဲ့ပြီ။ ဘယ်လောက်ထိ ဆုပ်ကိုင်ထားအုန်းမှာလဲ။ ချီးတဲ့မှ .. စိတ်ကို အေးအေးထား။"

သူမ ရဲ့ အမုန်းတွေက ဒြပ်ထည် တစ်ခုလို ပြန်လည်ဖြစ်တည်လာကြောင်း ရူဟန်က ခံစားမိတယ်။

"ငါ သည်းမခံနိုင်တော့ဘူး" ခန်းမသခင်ချူက တီးတိုးပြောလိုက်တယ်။ သူမက ကိုယ့်ကိုယ်ကိုယ် ပြောတာ ဖြစ်သလို ရူဟန်ကို ပြောနေတာလည်း ဖြစ်တယ် "ငါ မစောင့်ချင်တော့ဘူး။ သူတို့ကို အစစ်အမှန် အဖြစ် ပြန်ခေါ်ချင်တယ်။ ပုံရိပ်ယောင် လိုမဟုတ်ဘဲနဲ့။ ဒါက ငါလိုချင်တဲ့ အရာလေး တစ်ခုပဲလေ။ ဘာကြောင့် မရနိုင်ရတာလဲ"

ရူဟန် က စိတ်လှုပ်ရှားသွားတယ်။ သူက ကြည်လင်သလင်းခန်းမဆောင်ကို ကြည့်လိုက်တယ်။

ကြည်လင်သလင်းခန်းမဆောင်က ခန်းမသခင်ချူ ဖန်တီးထားတဲ့ ပုံရိပ်ယောင် တစ်ခုဖြစ်မှန်း သူသိတယ်။ သူမ ရဲ့ စွမ်းအား တိုးလာတာနဲ့အမျှ ကြည်လင်သလင်းခန်းမဆောင်ကလည်း ပိုပြီး အစစ်အမှန် နဲ့ တူလာတယ်။ အရင်တုန်းက တစ်ချို့သော ကျင့်ကြံသူတွေ လမ်းမှားရောက်လာတယ် ဆိုရင် ကြည်လင်သလင်း ခန်းမဆောင် တပည့်တွေက နွေးထွေးပျူငှာစွာ ကြိုဆိုတတ်တယ်။ ထွက်ခွာသွားပြီးချိန်ထိ ဒါက ပုံရိပ်ယောင် တစ်ခု ဖြစ်တယ် ဆိုတာ ကို မသိကြဘူး။

ခန်းမသခင်ချူ ရဲ့ စကားကို ကြားတော့ ရူဟန်က သူမရဲ့ အင်မော်တယ်လမ်းစဉ် က ကြည်လင်သလင်းခန်းမဆောင် နဲ့ ပတ်သက်နေမယ်လို့ ရူဟန် က ခန့်မှန်းမိလိုက်တယ်။

"မင်းငါ့ကို ရပ်တန့်ဖို့ မကြိုးစားဘူး မလား" ခန်းမသခင်ချူက ရူဟန် ဆီကို လှည့်ပြိး ရုတ်တရက် ပြောလိုက်တယ်။

ရူဟန်က နာနာကျင်ကျင် ပြုံးလိုက်တယ် "ငါက ငဒူစွန်း မဟုတ်ဘူး။ ခန်းမသခင်ချူ .. မင်း ဒါကို ရှင်းရှင်းလင်းလင်း သိပြီးသားပဲလေ"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now