အပိုင်း (၁၂၂၄)

67 13 0
                                    



ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအားလုံး စည်းလုံးပြီး မိသားစု ဖြစ်ရမည် အဖွဲ့အစည်း။


အရေအတွက်အရသာ သာလွန်တယ် ထင်ရပေမဲ့ ကပ်ဘေးလွန်သားရဲကျင့်ကြံသူ နှစ်ယောက် က ခန်းမသခင်ချူ ကို ဖိနှိပ်နိုင်ဖို့ မနည်း ကြိုးစားနေရတယ်။

ခန်းမသခင်ချူ က တော်တော်ကြီး စွမ်းရည်ပြည့်ဝတယ်။ ပြီးတေ့ာ့ သူမက ရှေးကောင်းကင်ဘုံမြို့ ခေတ်ကတည်းက အသက်ရှင်ခဲ့တဲ့ ကပ်ဘေးလွန်အဆင့်ကျင့်ကြံသူ တစ်ယောက်လေ။ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေ တွေ့ရှိပြီးရုံတင်မကဘဲ ဆန္ဒရှိမယ် ဆိုရင် အင်မော်တယ် အဆင့်ကို တက်လှမ်းပြိး အကန့်အသတ်မဲ့တဲ့ သက်တမ်းကို ပိုင်ဆိုင်ရမှာ ဖြစ်တယ်။

သူမ ရဲ့ အားအင်အဆင့်က အဆင့်ကိုး ကပ်ဘေးလွန်အဆင့် ထိပ်ပိုင်းမှာ ရှိနေသူ တစ်ယောက်ဖြစ်တယ်။

သားရဲကျင့်ကြံသူ နှစ်ယောက်ရဲ့ အားအင်အဆင့်က သူမ ထက် နိမ့်ကျနေတာကြောင့် ပူးပေါင်းတိုက်ခိုက် တာတောင်မှ ခန်းမသခင်ကို အသာစီး မယူနိုင်ပါဘူး။

"ဘုန်း..ဘုန်း..ဘုန်း.."

ခန်းမသခင်ချူ နဲ့ သားရဲကျင့်ကြံသူ နှစ်ယောက် တို့ က ဆက်လက်တိုက်ခိုက်နေတယ်။ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက ကြောက်စရာစွမ်းအား တွေကို ထုတ်ဖော်နေတယ်။ ဒီပေါက်ကွဲမှု စွမ်းအားတွေက အပြည့်အဝ သာ ထုတ်ဖော်မယ်ဆိုရင် ကောင်းကင်ဘုံကပ်ဘေးရဲ့ ဟိုက်ဒရိုဂျင် ဗုံးထက်တောင်မှ ပိုပြီး ကြမ်းတမ်းပါသေးတယ်။ နှစ်ဖက်လုံးက ဒီလို တိုက်ခိုက်ချက်တွေကို သာမာန်လို ထုတ်ဖော် တိုက်ခိုက်နေကြတယ်။

ဒါပေမဲ့ နှစ်ဖက်လုံးက တိုက်ပွဲကို အာရုံစိုက်ပြီး ထိန်းသိမ်းတိုက်ခိုက်နေကြတယ်။ ဒါကြောင့် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်တွေကို တည်နေရာ အက်ကွဲကြောင်းက စုပ်ယူသွားတယ်။၏

ကပ်ဘေးလွန်အဆင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲကို အောက်အဆင့်က ကျင့်ကြံသူတွေ ဝင်ရောက် ရှုပ်လို့ မရနိုင်ပါဘူး။ ဒီအချိန်မှာ ဖြစ်တည်နေတဲ့ တည်နေရာစွမ်းအား တွေက အဆင့်ရှစ် သူတော်စင် တစ်ယောက်ကိုတောင်မှ အပိုင်းပိုင်း ဖြစ်သွားစေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tempat cerita menjadi hidup. Temukan sekarang