အပိုင်း (၁၂၁၃)

82 20 0
                                    



ခန်းမသခင်ချူ .. ငါချောလား။

ရီစင့်က ရူဟန် ကို ဖြည်းဖြည်းပုတ်လိုက်တယ် "လူငယ်လေး ... မင်းမှာ အချိန်အားတယ်ဆိုရင် ရှေးခေတ်ဘာသာစကားကို ပိုပြီး လေ့လာသင့်တယ်။ ဒါကမင်းအတွက် ကျိန်းသေပေါက် အသုံးဝင်လိမ့်မယ်။ မင်း မန်ဒရင်းနဲ့ ပြောတာကို ငါနားမလည်ဘူး။

ရူဟန် "......."

မင်း နားမလည်ဘူးဟုတ်လား။ အခုက မန်ဒရင်းလို ပြောနေတာလေ။ မင်း က ပြောတုန်းကတော့ ပြောပြီး နားကျတော့ မလည်ဘူး ဆိုတော့ ....။

"နောက်မှထပ်တွေ့မယ်။ ဒီအတောအတွင်း ဂရုစိုက်ပါ" ရီစင့်က ပြောလိုက်တယ်။

"နေအုန်း" ရူဟန်က အလောတကြီး ပြောလိုက်တယ်။

သူက ချန်လင်းကို တခြားကိစ္စတွေ မေးစရာရှိနေပါသေးတယ်။

ချန်လင်း နဲ့ ငဒူစွန်း တို့က ရှေးကောင်းကင်ဘုံမြို့ကတည်းက နေခဲ့ကြတာ ဖြစ်ပြီး ကောင်းမွန်တဲ့ဆက်ဆံ ရေးလည်း ရှိကြတယ်။

ဒါကြောင့် ငဒူစွန်း ၊ နတ်ဘုရားသားရဲဌာန ၊ နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင်ဂိုဏ်း ၊ ရှေးရွှေနဂါးကြီး နဲ့ လာမီယာ တို့ အကြောင်း တွေကို သိချင်နေတယ်။

ဒီမေးခွန်းတွေကို မေးမြန်းခွင့်ရမယ် ဆိုရင် သူ့စိတ်ထဲမှာ ရှိနေတဲ့ သံသယတွေ အားလုံး ရှင်းလင်းသွားမှာ ပဲ ဖြစ်တယ်။

ဒါပေမဲ့ ချန်လင်းက သူ့ကို ဒီအခွင့်အရေး မပေးပါဘူး။

ရီစင့်က ခေါင်းငုံ့သွားတယ်။ ခဏကြာတော့ သူမ မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာ တွေ ပေါ်လာတယ်။

"အမ်.. ငါ့လျှို့ဝှက်နည်းစနစ် က အလုပ်မဖြစ်ဘူးလား" သူမ က ရူဟန်ကို လှည့်ကြည့်လိုက်တယ်။

ရူဟန်က သက်ပြင်းချလိုက်တယ် "မအောင်မြင်ဘူး"""

ဧကရီ က မြန်မြန်ပဲ ပြန်ထွက်သွားခဲ့တယ်။ ရူဟန်က သူမ အရိပ်အယောင်ကိုတောင်မှ မမြင်ရတော့ပါဘူး။

ရီစင့်က အံ့အားသင့်နေတယ် "ထူးဆန်းလိုက်တာ။ ဘယ်လိုဖြစ်ပြီး မအောင်မြင်ရတာလဲ။ ဒီနည်းစနစ် နဲ့ ပတ်သက်ရင် ငါက ကျွမ်းကျင်သူ တစ်ယောက်ပဲ။ အမ်.. ကောင်းကင်ဘုံကပ်ဘေး ရော..."

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Wo Geschichten leben. Entdecke jetzt