အပိုင်း (၁၁၇၁)

104 24 0
                                    


#Unicode


မှားစရာမရှိဘူး။ ဒါက သူတော်စင်ဗိုလ်ကျသူစွန်း ရဲ့ လက် ဆိုတာ ကျန်းသေတယ်။

သူ့ခန္ဓာကိုယ်က အသစ်ပြန် မွေးဖွားပြီးနောက်မှာတော့ ဆန်းကြယ်တဲ့ ကွန်ယက်လို အရာတစ်ခု နဲ့ ဆက်စပ်မိနေတယ်လို့ သူတော်စင် ချီကွားက ခံစားမိတယ်။

အခု ကြီးမြတ်တဲ့အဖြူ ရဲ့ ကံကြမ္မာပြပွဲကို မြင်တော့ သူက ထူးခြားသလို ခံစားလိုက်ရတယ်။ ပြီးနောက် ဆန်းကြယ်တဲ့ ကွန်ယက်လို အရာကနေ သတင်းအချက်အလက်တွေ ရရှိပြီး ထိုသူက အဖြူ ဖြစ်ကြောင်း သိရှိလိုက်တယ်။

သူ့ခန္ဓာကိုယ်အဟောင်းကို စွန့်ခွာပြီးတဲ့နောက် ရရှိလာတဲ့ သန္ဓေစွမ်းရည် မျိုးလား။

သူတော်စင်ချီကွားက တည်တည်ငြိမ်ငြိမ်ပဲ သူ့ရဲ့ ခန္ဓာကိုယ်အသစ်ကို စူးစမ်းနေတယ်။ သူ့ခန္ဓာကိုယ်အသစ်က လေ့လာရအောင် ဆန်းကြယ်တယ်လေ။

❄️❄️❄️

ဒီအတောအတွင်း ဂျင်နန် ဧရိယာ ရဲ့ အနောက်ဘက် ဟာသပြဇာတ်တွေ ပြသလေ့ရှိတဲ့ အပြာရောင်လ ခန်းမ ကြီးထဲမှာတော့ ...

စီနီယာအဖြူနှစ်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

"သြော်. နောက်ဆုံးတော့ သူ ကံကြမ္မာပြပွဲ ပြုလုပ်နြေ့ပီကိုး" ဒီအချိန်မှာတော့ စီနီယာအဖြူ နှစ်က သာမာန်လူတွေ မမြင်ရတဲ့အခြေအနေ နဲ့ ဟောခန်းအလယ် လေထဲမှာ ရပ်နေတယ်။

သူက ရူဟန် ရဲ့ အတွင်းကမ္ဘာကနေ အဓိက ကမ္ဘာဆီ သူ့ရဲ့ ပုံရိပ်ယောင်ကို တစ်နေ့ ကို အချိန်ခဏ ပို့လွှတ်နိုင်တယ်။ သူက ပုံရိပ်ယောင်ကို ထိန်းချုပ်ပြီး ကမ္ဘာအနှံ့သွားလာနေတယ်။ ဒါပေမဲ့ သူလုပ်ဆောင်နိုင်တဲ့ အကွာအဝေးက အကန့်အသတ် ရှိပါတယ်။

စီနီယာအဖြူနှစ်က တီးတိုးရေရွတ်လိုက်တယ် "ကံကြမ္မာပြပွဲပြီးရင် နောက်အဆင့်က ကပ်ဘေးလွန် .. ပြီးရင်တော့ အင်မော်တယ်လမ်းကြောင်းပေါ့။ သူက မင်းချန်ခဲ့တဲ့ လျှို့ဝှက်နည်းလမ်းလား။ ဒီအဖြူရဲ့ အင်မော်တယ်လမ်းစဉ်ကို ငါမြင်တယ်လို့ ပြောနိုင်တယ်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Wo Geschichten leben. Entdecke jetzt