အပိုင်း (၁၁၀၇)

104 26 0
                                    


#Unicode


မေးခွန်း - အစစ်အမှန် နတ်ဘုရား တောင်ဝါကြီးမှာ ဒူဒူ နှစ်ယောက်ရှိလား။

ရူဟန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်တယ် "အမှန်ပဲ။ မင်္ဂလာပွဲက အားလုံး စီစဉ်ပြီးနေပြီ။ မင်္ဂလာရက်ကို စောင့်နေကြတာ"

ချူချူက မျက်လုံးပြုးသွားတယ် "ဒါပေမဲ့ မင်္ဂလာဆောင် ဆိုတာ ဟာသလို ဒူဒူက ပြောတယ်" သူမ နဲ့ ဒူဒူ နဲ့ စကားပြောနေတုန်းမှာ ကျန်းလီက ဝင်လာပြီး မင်္ဂလာဝတ်စုံ လာပေးပါတယ်။ သူတို့နှစ်ယောက် ပြောတာကို ချူချူက သေချာ ကြားလိုက်တယ် ။ချူချူကတောင်မှ ဒူဒူ့ကို ရှာဖို့ ဂျင်နန် ကို သွားသင့်ကြောင်း အားပေးခဲ့သေးတယ်။

ရူဟန်က က ဒီအကြောင်းတွေကို မသိပါဘူး။ ဒူဒူက ပြောပြခဲ့တာ ဖြစ်မယ်လို့ ထင်လိုက်တယ်။

"မဟုတ်ဘူး။ ဒါက ဟာသ မဟုတ်ဘူး။" ရူဟန် ရဲ ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ် "ဒီတစ်ကြိမ် ဒူဒူ ့ အဖေ က သူ့ကို လက်ထပ်ပေးဖို့ အကြီးအကျယ် စီစဉ်နေတာ။ ဖိတ်စာတွေတောင်မှ ပို့ပြီး နေပြီ"

ချူချူက ပြန်ပြောလိုက်တယ် "ဒါဆို ဒူဒူက ယောကျ်ားယူတော့မှာပေါ့"

"ကျိန်းသေတာပေါ့" ရူဟန်က ပြုံးရင်း ပြောလိုက်တယ် ... သောက်ရူး ဒူဒူ . ငါစမ်း ။ မင်းလုပ်နိုင်ရင် ငါ့ကို လာကိုက်လေ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ဆိုတာ ကြည့်လိုက်မယ်။

"ဒူဒုူက ယောကျ်ားယူတော့မှာ ဟုတ်လား။ ဒါပေမဲ့ .. ဒါပေမဲ့ ..." ချူချူ က ဇဝေဇဝါ ဖြစ်သွားတယ်။ ဒူဒူက ယောကျ်ားတစ်ယောက် မဟုတ်ဘူးလား။

ဒီအချိန်မှာပဲ ဘေးမှာရှိနေတဲ ့ဖူရှန်းက ပြောလိုက်တယ် "မစ္စတာစွန်း .. မင်းပြောနေတာ အစစ်အမှန်နတ် ..... အဲ .. မစ္စတာတောင်ဝါကြီး ရဲ့ မိန်းကလေး ဒူဒူလား"

ရူဟန်က ဖူရှန်းကို ခေါင်းလှည့်ကြည့်လိုက်တယ်။ သူမ က ဒူဒူ့ကို သိနေတာလား။

"တကယ်ပေါ့။. ငါပြောနေတာ မစ္စတာ တောင်ဝါကြီးရဲ့ ဒူဒူပဲ ။ ဒါပေမဲ့ ဒူဒူက မိန်းကလေးမဟုတ်ဘူး။ အကောင်ကြီး" ရူဟန်က တည်တည်ငြ်မ်ငြိမ်ပဲ ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tahanan ng mga kuwento. Tumuklas ngayon