အပိုင်း (၁၁၂၇)

95 24 0
                                    


#Unicode


သူတော်စင် နှစ်ယောက် ရဲ့ စကားရည်လုပွဲ။

ခပ်ချောချောလူက ရူဟန် ရှေ့တည့်တည့် နေရာမှာ ခြေချိတ် ထိုင်လိုက်တယ်။

ရူဟန်က မျက်လွှာချလိုက်တယ်။ ပြီးနောက် သူ့မှော်လက်ကောက် ထဲကနေ ဝါးခွက် တစ်ခုကို ထုတ်ယူလိုက်တယ်။

ဘေးနားမှာ ရှိနေတဲ့ ရှီလျှူက ဝါးခွက်ကို လှမ်းယူလိုက်ပြီး လက်ဖက်ခြောက် အနည်းငယ် ထည့်လိုက်တယ်။

"ဧည့်သည် .. ကျေးဇူးပြုပြီ" ရှီလျှူက လက်ဖက်ရည်ခွက်ကို ခပ်ချောချော လူဆီကို ကမ်းပေးလိုက်တယ်။

တစ်ချိန်တည်းမှာပဲ သူမ က တစ်ဖက်လူကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။

ခပ်ချောချော နိုင်ငံခြားသားက သူ့အော်ရာတွေကို ဖိနှိပ်ဖို့ ကြိုးစားထားတယ် ဆိုရင်တောင်မှ လက်လှုပ်ရှားချိန်မှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေကို မဖုံးကွယ်နိုင်ပါဘူး။ ဒီလူက သူတော်စင် ကျောက်ဖရုံ အဖြစ်နိုင်ဆုံးပါပဲ။

အဆင့်ရှစ် သူတော်စင် အဆင့်ကို ရောက်ပြီ ဆိုရင် သူတော်စင်စည်းကို ဖွဲ့တည်ထားကြတယ်။ သာမာန်အချိန်မှာ သူတော်စင်နာမည်ကို မြင်ရုံနဲ့ ဘယ်သူ ဆိုတာ သိနိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ သူတော်စင်ကျောက်ဖရုံက တော့ ပါရမီရှင် သူတော်စင် တစ်ယောက် ဖြစ်တယ်။ တစ်ဖက်လူက သူတော်စင် နာမည်ကို ဘယ်လို ဖုံးကွယ်ထားတာလဲ ဆိုတာကို ရူဟန် နဲ့ ရှီလျှူ တို့က မသိရှိကြပါဘူ။

ဘာပဲဖြစ်ဖြစ် ဒါက သူတော်စင် ကျောက်ဖရုံ ဖြစ်တယ် ဆိုတာ တပ်အပ် သိလိုက်ကြတယ်။

ဘာဆက်လုပ်မလဲ။

တစ်ဖက်လူက ထွက်လာပြီဆိုမှတော့ 'ခုန တုန်းက လှမ်းခေါ်လိုက်တယ် ဆိုတာ စလိုက်တာ။ ကိုယ့်နေရာကိုယ် ပြန်တော့' ဆိုပြီး ရူဟန်က ပြောလို့လည်း မဖြစ်တော့ပါဘူး။

"ကျေးဇူးပါ .. တာအိုရောင်းရင်းလေး" ခပ်ချောချော နိုင်ငံခြားသားက ရှီလျှူ့ လက်ထဲက ဝါးခွက်ကို လှမး်ယူပြီး တကျိုက်ကျိုက် လိုက်တယ်။ ပြီးနောက် သက်ပြင်းချလိုက်ပြီး "ကောင်းလိုက်တဲ့ လက်ဖက်ရည်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora