အပိုင်း (၁၂၂၉)

64 13 0
                                    



လိပ်ဆရာကြီး နဲ့ လူသား အဖွဲ့အစည်း ရဲ့ လျှို့ဝှက်နည်းစနစ်။

အမဲရောင် မြင်းဌာနချုပ် ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ယောကျ်ား၊ မိန်းမ ၊ ကြီးကြီး ၊ ငယ်ငယ် ၊ ကလေး အားလုံးက သူ့ ရွက်ဖျင်တဲ ဘေးမှာ ဝိုင်းနေကြတယ်။ အားလုံး ရဲ့ မျက်နှာပေါ်မှာ ကျေနပ် အားရတဲ့ အရိပ်အယောင် တွေ နဲ့ ပြည့်နှက်နေတယ်။

လူအုပ်ထဲမှာ ကြင်နာမှု ဆိုတဲ့ မိန်းကလေးတောင်မှ ပါဝင်နေသေးတယ်။

ပြီးတော့ ရူဟန် ထွက်လာချိန်မှာတော့ အားလုံးက သတိမပြုမိကြပါဘူး။ မျက်နှာ ပေါ်မှာ ကျေနပ် တဲ့ အမူအရာတွေ အပြည့်နဲ့ ကျင့်ကြံနေကြတယ်။

"ဘာတွေဖြစ်နေတာလဲ" ရူဟန် က ရယ်ရမလား ၊ ငိုရမလား တောင်မသိတော့ပါဘူး။ သူက အလင်းကျောက် မဟုတ်ဘူးလေ။ ဘာကြောင့် သူ့ရွက်ဖျင်တဲမှာ လာပြီး လူစုလူဝေးတွေ လာဖြစ်နေရတာလဲ။ ပြီးတော့ သူ နဲ့ အတူ အလင်းကျောက် လည်း ပါလာတာ မဟုတ်ပါဘူး။

ရူဟန်က ခပ်ဖြည်းဖြည်း လှမ်းခုန်ပြီး ကြင်နာမှု ဘေးကို သွားလိုက်တယ်။

ဒီအချိန်မှာပဲ အမဲရောင်မြင်း ဌာနချုပ် အဖွဲဝင်တွေ က တစ်ယောက်ပြီး တစ်ယောက် သတိပြန်ဝင်လာတယ်။

"အမ်" အမဲရောင်မြင်းဌာနချုပ် ခေါင်းဆောင်က ဇဝေဇဝါ ဖြစ်သွားတယ်။

တခြားသူတွေကလည်း အံ့အားတသင့် နဲ့ ဖြစ်နေကြတယ်။

ကြင်နာမှုက ခေါင်းမော့ ကြည့်လိုက်တော့ ရူဟန် ဘေးနားမှာ ရောက်နေတာ ကို မြင်လိုက်ရတယ်။

သူမ က ဇဝေဇဝါ နဲ့ ပြောလိုက်တယ် "စီနီယာ ဗိုလ်ကျသူစွန်း"

ရူဟန် က မေးလိုက်တယ် "မင်းတို့ ဘာလို့ ဒီမှာ လာစုနေရတာလဲ"

သူမ က အနားပတ်ဝန်းကျင်ကို ကြည့်ပြီး အတွေးနက်နေတယ်။

ပြီးနောက် ခေါင်းမော့ပြီး ရူဟန်ကို ထပ်ကြည့်လိုက်တယ် "ငါလည်း မသိဘူး။"

ရူဟန် "........"

"ငါမှတ်မိသလောက် အခန်းထဲမှာ အိပ်နေတယ်။ ပြီးတော့ အိမ်မက်ကောင်းကောင်း မက်တယ်။ နောက်တော့ အိမ်မက် ပြီးသွားတယ်။ ဒီမှာ ရောက်နေတယ်" ကြင်နာမှုက ပြန်စဉ်းစားလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora