#Unicode
သူတော်စင်နာမည်လား။ မင်းဆီက မယူပါဘူး။
စီနီယာအဖြူက မြင်ကွင်းပေါ်မှာ ထပ်ပေါ်လာတယ်။ သူပေးလာတော့ အရင် လေလျော့သွားတဲ့ စီနီယာအဖြူ က ပျောက်ကွယ်သွားတယ်။
ကိုယ်ပွားနည်းစနစ် က ပျက်ပြယ်သွားတာ ဖြစ်ရမယ်။
ပြီးနောက် သူက ကိုယ်ပေါ် အဝတ်တွေကို လက်နဲ့ ခါလိုက်တယ်။ သူ့အဖြူရောင် ဝတ်စုံ ပေါ်မှာ အလင်းတန်းတစ်ခု ပေါ်လာပြီး ဝတ်စုံက အရင်အတိုင်း ြ့ပန်ဖြစ်သွားတယ်။
ဒီအဖြူရောင်ဝတ်စုံက အားကောင်းလှတဲ့ ခုခံမှု စွမ်းရည်ကို ပိုင်ဆိုင်ရုံတင်မကဘဲ ကိုယ်တိုင်ပြန်လည် ပြုပြင်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ်။ ပြီးတော့ စီနီယာအဖြူ ရဲ့ အတွေးတစ်ချက်နဲ့တင် အသွင်အပြင် အမျိုးမျိုး ပြောင်းလဲလို့ ရနိုင်သေးတယ်။
ရူဟန် စီနီယာအဖြူကို စတွေ့တုန်းက ဒီတာအိုဝတ်စုံနဲ့ ပတ်သက်ပြီး မနာလိုတောင် ဖြစ်မိသေးတယ်။
သူကလည်း အနာဂတ်မှာ ဒီလိုဝတ်စုံမျိုး ရဖို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ဆိုးတာက မျှော်လင့်ထားသလို ဖြစ်တတ်တာမျိုးမဟုတ်တာပါပဲ။ သူ့ရဲ့ လက်ရှိဝတ်စုံက အမဲရောင်သံနတ်ဘုရားချပ်ဝတ် ဖြစ်ပြီး ပုံပန်းသွင်ပြင်ကလည်း တော်တော်ကြီး ကြည့်ရဆိုးတယ်။
အဝတ်တွေက ကိုယ်တိုင်ပြန်လည် ပြုပြင်ပြီးတဲ့နောက် စီနီယာအဖြူက လက်ကို ဆန့်ထုတ်ပြီး ရူဟန် ရဲ့ လက်ကို ကောက်လိုက်တယ်။ သူက ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီ ဖြစ်တာကြောင့် ထွက်ပြီး ညစာ စားချိန်တန်ပါပြီ။ ဒါပေမဲ့ ခုနတုန်းက သူငယ်ချင်းလေးရူဟန် ကို ပြောခဲ့တာက ညမှထွက်လာမယ်လို့ပါ။ သူ ညစာပြင်ပြီးပြီလား မသိဘူး။
ပြီးနောက် သူက ဘောပင်တစ်ခုကို ထုတ်ယူပြီး ရူဟန် လက်ပေါ်က အမဲရောင်စာရွက် အပိုင်းအစ တစ်ခု ပေါ်မှာ စာရေးလိုက်တယ်။
[ငါ ကပ်ဘေးကျော်ပြီးပြီ။ ငါတို့ ဘယ်အချိန် ...] ရေးနေရင်းမှာပဲ သူ့ဘောပင် မင်က ကုန်သွားတယ်။
စီနီယာအဖြူက ဘောပင်ကို လှုပ်ခါလိုက်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ပြီးတာတောင်မှ ရေးစရာ မင် မရှိတော့ပါဘူး။