အပိုင်း (၁၂၁၄)

77 22 0
                                    




ရူဟန်က တကယ့်ကို စိတ်ဓာတ်ကျနေတယ်။


"အင်း.. ငါစိတ်ဝင်စားတာပေါ့" ရူဟန်က ထိုင်ချလိုက်ပြီး ရီစင့်ကို လှေပေါ်မှာ သေချာချလိုက်တ်ယ။ ပြီးနောက် သူ့ကိုယ်သူ လက်ညိုးထိုးကာ ပြောလိုက်တယ် "ငဒူစွန်း ကြောင့် ငါအကြိမ်ပေါင်းများစွာ အရိုက်အနှက်ခံခဲ့ရတယ်"

ခန်းမသခင်ချူ ".........."

ဘာလို့ ရူဟန် ကို လူတွေ မှားပြီး ရိုက်ကြတာလဲ ဆိုတာကို သူမ နားလည်သွားတယ်။

သူမ ရူဟန်ကို စမြင်တုန်းက ငဒူစွန်း နဲ့ မှားခဲ့တယ်။. ဒါတောင်မှ အဆင့် နဲ့ သွင်ပြင် က ကွာခြားနေပါသေးတယ်။ သေချာကြည့်မှ မတူတဲ့ လူနှစ်ယောက် ဖြစ်မှန်း သိခဲ့ရတယ်။

ဒါကြောင့် ရူဟန် က အပေါင်းအသင်းဟောင်းကြီးတွေ နဲ့ တွေ့ရင် ငဒူစွန်း နဲ့ မှားပြီး အရိုက်ခံရတယ် ဆိုတာ သဘာဝကျတယ်။

"ခန်းမသခင်ချူ .. မင်းဆီမှာ ငဒူစွန်း ဓာတ်ပုံရှိလား" ရူဟန်က အရှုံးပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။

ခန်းမသခင်ချူ က ပြောလိုက်တယ် "ငါက ငဒူစွန်း ပုံကို သိမ်းထားပြီး နေ့တိုင်းခိုးကြည့်နေမယ်လို့ တွေးထားတာလား"

"......" ရူဟန် က ဆက်ပြောလိုက်တယ် "ငါက ငဒူစွန်း ပုံစံကို မြင်ဖူးချင်တာ ။ ဘာလို့ ငါ့ကို သူနဲ့ မှားတာလဲ ဆိုတာကို သိချင်တာ"

ဒါပေမဲ့ တစ်ကြိမ်အရိုက်ခံရပြီးတဲ့နောက် အသက်ကို ကယ်တင်နိုင်တဲ့ ဝါးရွက်ကိုတောင်မှ လက်ဆောင်ရခဲ့ပါသေးတယ်။

ခန်းမသခင်ချူက အရမ်းပင်ပန်းနေပုံ နဲ့ သန်းဝေလိုက်တယ် "ငါ့င်္ဆီမှာ ပုံမရှိဘူး။ ဒါပေမဲ့ မင်းင့ါကို စာရွက်နဲ့ ဘောပင် ပေးမယ်ဆိုရင် ပုံကြမ်းဆွဲပြနိုင်တယ်။ ငါက ပုံဆွဲတဲ့ စွမ်းရည် တော်တော်ကောင်းတယ်လို့ ထင်တယ်လေ"

"ကျေးဇူးပဲ ခန်းမသခင်ချူ" ရူဟန် က ချက်ချင်းပဲ စာရွက် တစ်ရွက် နဲ့ ဘောပင်တစ်ချောင်းကို သိုလှောင် လက်ကောက်ထဲက ထုတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Hikayelerin yaşadığı yer. Şimdi keşfedin