အပိုင်း (၁၀၈၇)

128 21 0
                                    

#Unicode


လူတွေက သေပြီးသွားရင် ဆံပင်အရောင်ပြောင်းသွားသေးလား။

ဒီအချိန်မှာတော့ သံရည်ဘောလုံးကြီးက အရမ်းပင်ပန်းသလို ခံစားလိုက်ရတယ်။

ဒီလို စစ်တုရင်ကောင်မျိုးကို ရှာဖို့ဆိုတာ မလွယ်ပါဘူး။ သူမ က စွမ်းအင်တွေ လုံးဝကို ဝါးမြိုခံလိုက်ရပြီး ငရဲပြည်ရဲ့ မိစ္ဆာတစ်ကောင်လို ဖြစ်နေပါပြီ။ သူက အစီအစဉ်ကို စတင်ပြီး အဓိက ကမ္ဘာကို ဘုရင်တစ်ပါးလို ဆင်းသက်လာရုံပါပဲ။ အခု သူ့အစီအစဉ် က စတောင်မစရသေးခင်မှာ စစ်တုရင်ကောင် တစ်ခု ဖြစ်တဲ့ အမျိုးသမီး က သေဆုံးသွားခဲ့ပါပြီ။

ရွှမ်နုဂိုဏ်း ရဲ့ မိုးဆွေငှက် က သေဆုံးသွားခဲ့ပါပြီ။ သူမရဲ ့သေဆုံးမှုက သံရည်ဘောလုံးကြီး ကိုတောင်မှ အငိုက်မိသွားစေခဲ့တယ်။

မိစ္ဆာကပ်ဘေးနယ်မြေထဲမှာတော့ သုဿန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်သွားတယ်။

အချိန်အတော်ကြာပြီးတဲ့နောက် ...

သံရည်ဘောလုံးက ရုတ်တရက် ထအော်လိုက်တယ်။ "အဖြူ .. ထွက်ခဲ့စမ်း။ ဒါ မင်းလုပ်တာ မဟုတ်လား"

ဒါပေမဲ ့ဒီအချိန်မှာတော့ တုံ့ပြန်ပြောဆိုသူ မရှိပါဘူး။

စီနီယာအဖြူနှစ်က ရူဟန်ကို အဓိက ကမ္ဘာဆီ ပြန်ပို့ခဲ့ပြီ ဖြစ်တာကြောင့် မိစ္ဆာကပ်ဘေးနယ်မြေကို ဂရုမစိုက်တော့ပါဘူး။ သံရည်ဘောလုံးကြီးက သူ့ကိစ္စတွေကို စီနီယာအဖြူနှစ် ရှုပ်သွားတာ ဖြစ်တယ်လို့ တထစ်ချ ယုံကြည်ထားတယ်။ တကယ်တန်းမှာတော့ စီနီယာအဖြူနှစ်က ဘာမှမလုပ်ခဲ့ပါဘူး။ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တော်တော်များများက ရူဟန် ကြောင့် ဖြစ်ခဲ့တာပဲ ဖြစ်တယ်။

သံရည်ဘောလုံးကြီးက ထအော်ပြီးတဲ့နောက် နောက်တစ်ကြိမ် ငြိမ်သက်သွားပြန်တယ်။

အချက်အလက်တွေအရ ဒါကို အဖြူလုပ်တာ မဟုတ်ဘူးလို့လည်း သူက စိတ်ထဲမှာ ယုံကြည်နေပြန်တယ်။

အဖြူသာလုပ်ခဲ့တာ ဆိုရင် ဒီအချိန် ခုန်ဝင်လာပြီး အားရပါးရ အော်ရယ်နေမယ့်သူ မျိုးပါ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Hikayelerin yaşadığı yer. Şimdi keşfedin