အပိုင်း (၁၁၄၉)

96 23 0
                                    


#Unicode


ဘဝ က မေးခွန်းထုတ်စရာပဲ။

ရူဟန်က သီလအလင်းမျက်လုံးမှ တဆင့် စိတ်ဝိညာဉ်တောင်တန်း ကို ကြည့်လိုက်တယ်။

သူတော်စင်ကျောက်ဖရုံ နဲ့ သတင်းထောက်တွေက သူတို့ မူလ နေရာမှာ ရှိနေတုန်းပါပဲ။

လပြည့်ညတဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သူတော်စင်ချီကွား ကတော့ မလာသေးပါဘူး။

ရူဟန်က ပြောလိုက်တယ် "သူတော်စင်ချီကွား ပေါ်မလာသေးဘူး။"

ပြီးနောက် ရူဟန်က ရှောင်ချိုက်ကို ညှင်သာစွာ ပုတ်လိုက်တယ် "ရှောင်ချိုက် .. မင်း ပင်ပန်းနေတယ်ဆိုရင် ရှစ်ရှိတဲ့ နေရာဆီကို သွားပြီး ခဏလောက်အိပ်လိုက်။ သူတော်စင်ချီကွား လာရင် ငါမင်းကို ခေါ်လိုက်မယ်"

"ကောင်းပြီ" ရှောင်ချိုက် က ခေါင်းညိတ်ပြီး ရှစ်ရဲ့ အိပ်ရာဆီကို ပျံသန်းသွားတယ်။

❄️❄️❄️

အခြားတစ်ဘက်မှာတော့ ကပ်ဘေးကျော်လွန်ပြီး ဖြစ်တဲ့ ကျောင်းတော်သားရှန့်ကုန်း က သူ့ဖုန်းကို သိမ်းပြီး သက်ပြင်းချလိုက်တယ်။

သူ့ရဲ့ သဘာဝအတိုင်း နီမြန်းနေတဲ့ မျက်နှာက ဖြူရော်သွားတယ်။

သူက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ ဖြစ်တယ်။ သူ့ခြေထောက်တွေက အရိုးသာ ကျန်တော့တဲ့အထိ ထိခိုက်ထားတယ်။ ဒီဒဏ်ရာတွေကို ကုသနိုင်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်တယ်။

ပြီးတော့ ခြေထောက်ရဲ့ ဒဏ်ရာတွေက တိုက်လေယာဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တာ မဟုတ်ပါဘူ။ သူက ကိုးစီရင်စုက တာအိုရောင်းရင်းတွေကို အမှန်မပြောခဲ့တာပဲ ဖြစ်တယ်။ သူက မပြောချင်လို့ မဟုတ်ပါဘူ။ မပြောနိုင်တော့တာ ဖြစ်တယ်။

ခုနတုန်းက နျုကလီးယားဗုံး ပစ်ချလိုက်ချိန်မှာ ကောင်းတော်သားရှန့်ကုန်းက ကမ္ဘာကြီး တစ်ခုလုံး ပြောင်းပြန်လှန်လိုက်သလို ခံစားလိုက်ရတယ်။ချက်ချင်းဆိုသလိုပဲ သူနဲ့ နျူကလီးယားဗုံးတို့က တခြားကမ္ဘာတစ်ခုကို ပြောင်းရွေ့ခံလိုက်ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Onde histórias criam vida. Descubra agora