အပိုင်း (၁၂၀၅)

89 22 0
                                    


#Unicode


အရည်ရူဟန် နဲ့ သံမဏိလက် နည်းစနစ်

{မွန်းစတားတို့ တတ်ကျွမ်းသင့်သည့် စွမ်းရည် ၂၀၀} ထဲက ငဒူစွန်း ချန်ခဲ့တဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းပြီးတဲ့နောက် ရူဟန် က လန်းဆန်းသွားသလို ခံစားလိုက်ရတယ်။

ရှေးခတ်ကတည်းက အခုချိန်ထိ မဖြေရှင်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းခဲ့နိုင်ပြီ ဖို့ သူက စိတ်ချမ်းသာနေတယ်။

ခဏလောက် ကြာတော့ ပြဿနာတစ်ခုကို စဉ်းစားလိုက်မိတယ်။ သူက စီ်နီယာသခင်လေး ဖီးနစ် သတ်ဖြတ်သူ နဲ့ ဘိုင်ဇူးတို့ရဲ့ ဒေါသမျက်နှာကို မြင်လိုက်ရတာ ဖြစ်တယ်။

ငါတော့သွားပြီပဲ။

ငါ ဘာဆက်လုပ်ရမလဲ။

စီနီယာ ဖီးနစ် သတ်ဖြတ်သူ လက်ထဲက CPU ကို ငှားရမ်းပြီးရင် ငါကတော့ စီနီယာ ဖီးနစ် သတ်ဖြတ်သူ နဲ့ ဘိုင်ဇူး တို့ လက်ချက်ကြောင့် သေမှာ သေချာနေပြီ။

မစိုးရိမ်နဲ့။ တည်ငြိမ်စမ်း။ ယောကျ်ားစစ် ဆိုတာ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ရရင်တောင်မှ တည်ငြိမ်ရမယ်။ ဖြေရှင်းနည်းကို သေချာ စဉ်းစားနိုင်ရမယ်။

စီနီယာ နှစ်ယောက် ရဲ့ ဒေါသကို ငါဘယ်လိုမျိုး ရင်ဆိုင်ရမလဲ။

စီနီယာဖီးနစ် သတ်ဖြတ်သူ အတွက် ... ငါးခြောက်နည်းနည်းလောက် ထပ်ပေးလိုက်ရင် ကောင်းမလား။

မဟုတ်သေးဘူး။ ဒါက အလုပ်မဖြစ်လောက်ဘူး။ ဒီငါးခြောက်ကို တစ်ခါသုံးပြီးသွားပြီ။ ထပ်သုံးမယ်ဆိုရင် အဆင့်ကိုး ငါးခြောက်ကို ရမှဖြစ်မယ်။

သူ့အနေနဲ့ အဆင့်ကိုး ကပ်ဘေးလွန် အဆင့်ကို သတ်နိုင်ဖို့ ဆိုတာ အိမ်မက် မက်မှပဲဖြစ်မယ်။

[စွန်းရူဟန် Vs အဆင့်ကိုးငါး = နေလှမ်းပြီးသား စွန်းရူဟန်ခြောက်] ပဲ ဖြစ်ပါလိမ့်မယ်။

ငါးအပြင် တခြားအကောင်ကို အသုံးပြုရင်ရော ... မွန်းစတားကြောင် ဆိုတော့ ချည်ဘောလုံး ဆိုရင် အဆင်ပြေမလား။

မဖြစ်သေးဘူး။ စီနီယာ ရော့ .. ချည်ဘောလုံးဆော့ လို့ သွားပြောတာက သေလမ်းရှာတာ နဲ့ တူတူပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tahanan ng mga kuwento. Tumuklas ngayon