အပိုင်း (၁၀၉၇)

112 25 0
                                    

#Unicode


နာမည်ခေါ်ခြင်း။

ရူဟန်က ဖုန်းကို ဒီလထွက် နောက်ဆုံးဖုန်းနှစ်လုံးဝယ်လိုက်တယ်။ အဖြူတစ်လုံး ၊ အနက်တစ်လုံးပါ။

သူက အမဲရောင်ကို ယူထားမှာ ဖြစ်ပြီး အဖြူကိုတော့ စီနီယာအဖြူ ကို ပေးမှာပါ။

ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်ပြီးရင် စီနီယာအဖြူ က ဒီဖုန်းတွေကို မှော်နည်းစနစ် နဲ့ ပြန်လည် ပြင်ဆင်ပေးမယ်လို့ ပြောထားတယ်။

ဒီအတောအတွင်းမှာ သူက ဖုန်းပြော ၊ လိုင်းပေါ်တက် စကားပြောဖို့ တော့ လုံလောက်တယ်လေ။

ဖုန်းဝယ် ၊ ပိုက်ဆံရှင်းပြီးတဲ့နောက် ရူဟန် က ဆိုင်ကနေ ထွက်ခွာလိုက်တယ်။

သာမာန်လူတွေက သာမာန်နေထိုင်မှု ဘဝမှာပဲ ရှင်သန် နေထိုင်ကြတာဖြစ်တယ်။ ဘယ်သူကမှ ဖုန်းဝယ်နေရင်း ဝင်ရောက်လုယက်မှု ၊ ပေါက်ကွဲမှု ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို မခံရပါဘူး။ လူတစ်ချို့ဆိုရင် ဒီလို ကိစ္စမျိုးကို သေတဲ့အထိ ကြုံမသွားဖူးပါဘူး။

ရူဟန်က ဖုန်း ကို ဆင်းကတ်ထည့်ပြီး ဖွင့်လိုက်တယ်။ ဖုန်းက ကောင်းမွန်ပြီး မည်သည့်ပြဿနာမှ မရှိပါဘူး။ ဆင်းကတ်က အနည်းငယ် ထိခိုင်သွားတယ်ဆိုပေမဲ့ ကောင်းကင်ဘုံကပ်ဘေးမှာ အသက်ရှင်နို်င်ခဲ့တာ ကောင်းတဲ ့အရာတစ်ခုပါပဲ။

ပြီးနောက် ရူဟန်က လူရှင်းတဲ ့နေရာတစ်ခုကို သွားပြီး ဓားပျံစီးကာ ဆေးဆရာအိမ် ကို ပြန်လာလိုက်တယ်။

ပြန်လာတဲ့လမ်းမှာတော့ သူက ပန်းခြံကို ထပ်မံဖြတ်သန်းခဲ့တယ်။

နည်းပြလီကို မတွေ့ရတော့ပါဘူး။ ကြည့်ရတာ မနက်ခင်း လေ့ကျင့်ခန်း ပြီးသွားတာမို့ အိမ်ပြန်သွားပုံ ရတယ်။

ဘယ်သူသိနှိင်မှာလဲ။ သူသာအရှုံးမပေးခဲ့ရင် ဓား ၊ ဓားမော့ ၊ လက်နက် နဲ့ လက်သီးနည်းစနစ် တွေမှာ အထူးကျွမး်ကျင်တဲ့ သိုင်းပညာရှင် တစ်ယောက် အနေနဲ့ ဂျင်နန်ဧရိယာမှာ ကျော်ကြားလာနိုင်တယ် မဟုတ်လား။

❄️❄️❄️

နာရီတွေ ကုန်လွန်ပြီးတဲ့နောက် မနက်ခင်းအတန်းကို တက်ရောက်ဖို့ အချိန်ရောက်လာပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now